မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” မြေစိုက်ဘုတ်ကို မြောက်ဥက္ကလာပ အဝိုင်းအနီး နှင့် ခြောက်ကွေ့မီးပွိုင့် လမ်းဆုံတို့တွင် ယနေ့ နံနက် ၈ နာရီ အချိန်က စိုက်ထူခဲ့သည်။
အဆိုပါ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးစို့” အသိပညာပေး ဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက်ကော်မရှင် အဖွဲ့ဝင်များတက်ရောက် ဖွင့်လှစ်စိုက်ထူခဲ့ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost

No comments:
Post a Comment