မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၁ရက်မှ ၃၀ရက်အထိ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၁ရက်မှ ၃၀ရက်အထိ ကျင်းပမည်



မင်းလှ   ၊   အောက်တိုဘာ     ၂၆


မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ (၂၁)ရက်မှ (၃၀)ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းက မလွန်မြသပိတ်ဘုရားရင်ပြင်တော် (သမိုင်းပြတိုက်)၌ ကျင်းပသည်။

အခမ်းအနားကို မလွန်ကျောင်းတိုက်ဆရာတော် ဩဝါဒစရိယဆရာတော်ကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး တကစ(မလွန်)စက်ရုံမှူးက မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မလွန်မြသပိတ်စေတီတော်မြတ်ကြီး၏ (၇၈) ကြိမ်မြောက် ဗုဒ္ဓဇနိယပွဲတော်ကျင်းပနိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ဦးစီးကော်မတီနှင့်လုပ်ငန်း ကော်မတီများမှ တာဝန်ယူဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် (၇၈)ကြိမ်မြောက် မလွန်မြသပိတ်ဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


ဝင်းမြတ်(အထက်မင်းလှ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)