သာကေတမြို့နယ်၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပရေးစီစဉ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကျင်းပရေးစီစဉ်ဆောင်ရွက်




သာကေတ  ၊ အောက်တိုဘာ ၂၆


ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် ၇/အနောက်ရပ်ကွက် ၇/ဈေးလမ်းရှိအထက(၂)ကျောင်း၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်များညှိနှိုင်းခြင်းကို  အောက်တိုဘာ ၂၅ ရက် မွန်းလွဲ  ၂ နာရီက   ကျင်းပသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါ်ခင်စောလင်းနှင့်ခရိုင်/မြို့နယ်ဦးစီးမှူးများ၊ ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ စည်ပင်လမ်းတံတားဌာနမှ ဦးစိုးလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်နှင့် ကျောင်းဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


အိရွှေစင်လတ်(သာကေတ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)