အင်တောမြို့နယ်ရုံးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်တောမြို့နယ်ရုံးတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

 


အင်တော ၊  အောက်တိုဘာ ၂၂


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို အောက်တိုဘာ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာ အထက် တန်းကျောင်း (အင်တော)၊ တကောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ဇင်ငြိမ်းက လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။


ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာနံရံကပ်စာစောင်များ၊ ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။


အင်တော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)