မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာအထက် တန်းကျောင်း(ခွဲ)လ(၉)တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် အခြေခံပညာအထက် တန်းကျောင်း(ခွဲ)လ(၉)တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်







မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊  မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်  မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာ‌ဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေ ဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ အခြေခံပညာအထက် တန်းကျောင်း (ခွဲ)လ(၉) တွင်ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)လ (၉)တွင် ကျောင်းအုပ်ဆရာမကြီး  ဒေါ်တင်ဇာလှိုင်ကအမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ် ရေးရာ အသိပညာပေး ဟော ပြောပွဲ နှင့် ပြပွဲ၊ပြိုင်ပွဲများကျင်းပပြုလုပ် ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က "လူငယ်အတွေး နှင့် ပညာရေး"  ခေါင်းစဉ်ဖြင့်  ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သော အသိပညာဗဟုသုတ များအားအကျယ်တ၀င့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။  

ထို့နောက်ဂိမ်းကစားနည်းပြိုင်ပွဲများဆက်လက်ကျင်းပရာ အခြေခံပညာအထက် တန်းကျောင်း (ခွဲ)လ(၉)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး  အနိုင်ရရှိသူများကို  တာ၀န်ရှိသူများက အမှတ်တရလက်ဆောင်များချီးမြှင့်‌ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ ၊ သုတ ရသ စာအုပ် စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။


 သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)