ကရင်ပြည်နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ



ဘားအံ  ၊ အောက်တိုဘာ ၃၁


၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၈၅ ဒသမ ၈၉၆ သန်းဖြင့် မြေလမ်း ၂/၆ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၂/၀ မိုင်၊ ကွန်ကရစ်လမ်း ၁/၄ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁/၄ မိုင်၊ သံကူကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၁၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှစ်ခု၊ ရေစင်လုပ်ငန်းတစ်ခု၊ ကျောက်ကြီးစီလုပ်ငန်းတစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။

အဆိုပါ လုပ်ငန်းများအနက် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခို ၁၈/၄ မိုင် အနက် ၁/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ခွင့်ပြုငွေကျပ် ၆၅၀ ဒသမ ၀၂၅ သန်းဖြင့် သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်လျက်ရှိကာ ကွန်ကရစ်လမ်း ဆောင်ရွက်ပြီးစီးသွားပါက ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့ အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၃၀၁၆ အိမ်၊ အိမ်ထောင်စု ၃၀၂၀ စု၊ လူဦးရေ ၁၆၄၄၆ ဦး တို့အတွက်အကျိုးပြုပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)