နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ Project Show (2025) & Job Fair ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ Project Show (2025) & Job Fair ဖွင့်ပွဲ အခမ်းအနား ကျင်းပ




ရန်ကုန်  ၊ အောက်တိုဘာ ၃၁


Project Show (2025) & Job Fair ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မှော်ဘီ)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းနှင့် ပညာရပ်ဆိုင်ရာအဖွဲ့စည်းများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။


ဦးစွာ Project Show (2025) & Job Fair ဖွင့်ပွဲအခမ်းအနားကို နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်နှင့်အတူ တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ၊ မျိုးဆက်သစ်အင်ဂျင်နီယာလူငယ်တို့၏ အတွေ့အကြုံများ၊ သုတေသနများနှင့် ဖန်းတီနိုင်မှုများကို ပေါ်ထွက်လာစေသည့် အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ အလားတူ အလုပ်အကိုင် ရှာဖွေရေးတွင်လည်း လုပ်ငန်းရှင်များနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များကို တစ်နေရာတည်းတွင် တွေ့ဆုံစေသည့် အခွင့်အလမ်း ကောင်း တစ်ရပ်လည်း ဖြစ်ပါကြောင်းနှင့် လူငယ်များ၏ဘဝအတွက် အလွန်တန်ဖိုးရှိပြီး လုပ်ငန်းရှင်များအတွက်လည်း ဝန်ထမ်းကောင်းဝန်ထမ်းသစ်များနှင့် တွေ့ဆုံနိုင်မည့် Public – Private -  Partnership PPP Model ကောင်းတစ်ခုဖြစ်ကြောင်းစသည်တို့ကိုပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အခမ်းအနားဖြစ်မြောက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုပေးအပ်ရာ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က လက်ခံရယူခဲ့သည်။ 

ဆက်လက်၍ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ ပါမောက္ခချုပ် ဒေါက်တာက ပြပွဲ၊ ပြိုင်ပွဲများအကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က  ကျောင်းသား၊ ကျောင်းသူများ၏ Project များအား လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါ Project Show (2025) & Job Fair အခမ်းအနားကို အောက်တိုဘာ ၃၀ရက်မှ အောက်တိုဘာ ၃၁ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


ဇွဲထက်ကို

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)