နယူးဒေလီ၊ အောက်တိုဘာ ၁
အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai ၏ ဖိတ်ကြားချက်အရ ၃၀-၉-၂၀၂၅ ရက်နေ့၊ ၁၈၃၀ နာရီတွင် နယူးဒေလီမြို့၊ ဗီယက်နမ်သံရုံး၌ ကျင်းပသည့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ နှစ်(၈၀)ပြည့် အမျိုးသားနေ့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ H.E. Mr. Jayant Singh Chaudhary က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ၊ နယူးဒေလီမြို့ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment