လက်ရှိ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဟာ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ စာရင်းမှာ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ က ဦးကျော်သူ၊ ပြည်သူ့ရှေ့ဆောင်ပါတီ က ဦးဇွဲမြတ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ က ဦးတင်ထွန်း၊ လက်ရှိ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကတော့ ပြည်ခိုင်ဖြိုးပါတီ ကနေ ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်သွားမှာကို တွေ့မြင်ရပါတယ်။
၂၀၂၁ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်ကတည်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်နဲ့ ဒေသတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတော်ရဲ့ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်များထက် ပိုပြီး ဆောင်ရွက်နိုင်စွမ်း ရှိတာကိုတော့ သတိပြုမိပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ စားရေးရိက္ခာဖူလုံရေး ဆောင်ရွက်ရန် လမ်းညွှန်ချက်တွေကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းကြပ်မက် ဆောင်ရွက်တာတွေလည်း မြင်တွေ့ခဲ့ရပါတယ်။
ဦးမျိုးဆွေဝင်း ရဲ့ နောက်ခံသမိုင်းကြောင်းကို အနည်းငယ် လေ့လာကြည့်မယ်ဆိုရင် တပ်မတော်အရာရှိ ဘဝမှ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို ကူးပြောင်းကာ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ ရဲတပ်ဖွဲ့မှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ဒီလိုအတွေ့အကြုံတွေ ရှိခဲ့လို့လည်း ပဲခူးတိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ တကယ်တော့ ပဲခူးတိုင်းဒေသကြီးဟာ နယ်မြေကျယ်ပြန့်သလို KNU, PDF အကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်လှုပ်ရှားမှု ရှိတဲ့ တိုင်းဒေသကြီးတစ်ခု ဖြစ်ပေမယ့် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းရဲ့ ကြပ်မက်ဆောင်ရွက်မှုနဲ့အတူ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများကလည်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်ခဲ့ကြခြင်းကြောင့် ပဲခူးတိုင်းဒသေကြီးအတွင်းမှာ အခြားသော နယ်မြေဒေသတွေလို အဆိုးဆုံးအခြေအနေအထိ မရောက်ခဲ့ပါဘူး။
၁၉၆၁ ခုနှစ်ဖွား အသက် ၆၄ အရွယ်ရှိပြီဖြစ်တဲ့ ဦးမျိုးဆွေဝင်းဟာ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ နတ္တလင်းခရိုင်၊ နတ္တလင်းမြို့နယ်ဇာတိ ဖြစ်တဲ့အတွက်လည်း ပဲခူးတိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးကို အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲဆိုတာကတော့ ပြည်သူ့ဆန္ဒခံယူပြီး ပြည်သူက ရွေးချယ်မှသာ ကိုယ်စားလှယ်လောင်းတစ်ဦး အဖြစ်သော်လည်းကောင်း၊ ကိုယ်စားပြုတဲ့ပါတီ က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအများစုရခဲ့သော် နိုင်ငံတာဝန်များကို ဦးဆောင်ရတဲ့ အခြေအနေမျိုးလည်း တာဝန်ပေးအပ်ခြင်း ခံရနိုင်ပါတယ်။
အထူးပြု ပြောလိုတာကတော့ လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိ တိုင်းပြည်တာဝန်ထမ်းဆောင်နေကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုဝန်ကြီးများလည်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတာကို သတိပြုမိကြပါလိမ့်မယ်။
ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီအပြောင်းအလဲနဲ့အတူ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေကို သင်ခန်းစာယူတတ်မယ်ဆိုရင်ဖြင့် ပထမအကြိမ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ဦးဆောင်မှုနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်ခဲ့တာလည်း အထင်အရှားပါပဲ။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းတွေလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီဟာ အရေးနိမ့်ခဲ့ရပြီး သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်က အကောင်အထည်ဖော်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ ပြည်ဖျက်ပါတီ NLD အာဏာရလာချိန်မှာ လက်နဲ့ ရေးခဲ့သမျှ ခြေနဲ့ အဖျက်ခံရတဲ့ အခြေအနေမျိုး ကြုံတွေ့ခဲ့ရပါတယ်။
ယနေ့အချိန်မှာလည်း တပ်မတော်အစိုးရက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လက်ရှိအစိုးရရဲ့ အစီအစဉ်တွေကို ဆက်လက်ပြီး အကောင်းဆုံး အကောင်အထည် ဖော်နိုင်မယ့် အစိုးရတစ်ရပ်ကို ပြည်သူများက သတိပြု ရွေးချယ်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဟာ ဆက်လက်ပြီး အရှိန်အဟုန်နဲ့ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ယနေ့ ပါတီအဖွဲ့အစည်းများမှာ ပြည်ဖျက်ပါတီ NLD လို ပြည်ပသြဇာခံ အဖွဲ့အစည်းမျိုးတော့ မရှိတော့ပါဘူး။
ပြည်သူများအနေနဲ့က တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက်ကိုတော့ အရှိန်အဟုန်နဲ့ ဆက်လက်ဖော်ဆောင်နိုင်ဖို့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို အမှန်တကယ် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်များကို အလေးထား ရွေးချယ်သင့်ပါကြောင်း -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost


No comments:
Post a Comment