ရွှေဘိုမြို့အတွင်း အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့အတွင်း အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေပြီလား


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းမှာ NLD ပါတီမှ ပေါ်ပေါက်လာတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုဟာ ကာလရှည်ကြာ ဖြစ်နေပါပြီ။ နီပိန်း PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများစွာ သေဆုံးခဲ့ရတဲ့ ဒေသဖြစ်ပါတယ်။ အထူးအားဖြင့် နီပိန်း PDF အကြမ်းဖက်သမားတွေဟာ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်နှင့် ဆက်နွယ်သူများကို အဓိက ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

ဒေသခံပြည်သူများအနေနဲ့ကလည်း ရွှေဘိုမြို့နယ်အတွင်းမှာ နီပိန်း PDF တွေဟာ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်၊ နိုင်ငံဝန်ထမ်းများကို ဒုက္ခပေးနေတဲ့အတွက် ပြတ်ပြတ်သားသား နှိမ်နင်းပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၂၀ ရက်နေ့က ရွှေဘိုမြို့နယ်၊ ဥသျှစ်ကန်ရွာအနီးမှာ နီပိန်း PDF အကြမ်းဖက်သမားတွေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ အောင်မြင်မှုအနေနဲ့ PDF အလောင်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူများအနေနဲ့က နီပိန်းတွေကို သေစေလိုတဲ့ ဆန္ဒနဲ့ အကြမ်းဖက်နှိမ်နင်းရေး တောင်းဆိုနေကြတာတော့ မဟုတ်ပါဘူး။ နီပိန်း PDF အကြမ်းဖက်သမားတွေသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ ရင်ဆိုင်ရဲခြင်း မရှိဘဲ ရှောင်ပြေးတယ်။ လက်နက်မဲ့ ပြည်သူကိုကြတော့ နည်းမျိုးစုံနဲ့ စော်ကားတယ်။ ဒေသခံ ပြည်သူများအနေနဲ့ နီပိန်း PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေကို ခါးစည်းပြီး ခံနေကြရတာ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ကလည်း PDF အပါအဝင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များထဲ ရောက်နေတဲ့ လူငယ်တွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့တာလည်း ကြာပါပြီ။ ယခုအချိန်အထိ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်းမရှိဘဲ မိုက်တွင်းနက်နေကြတာကတော့ လက်နက်ကိုင်ပြီး အများပြည်သူကို လူပါးဝ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေအပေါ်မှာ အရသာတွေ့နေကြပုံ ပေါ်ပါတယ်။ 

ပုသိမ်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနဲ့ တွေ့ဆုံစဉ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က "လက်နက်ကိုင်အကြမ်းဖက်မှုများကြောင့် တည်ငြိမ်မှုပျက်ပြားနေမည်ဆိုပါက စီးပွားရေးလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့်လက်နက် ကိုင်အကြမ်းဖက်မှုများချုပ်ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးမဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့်တပ်၊ စွမ်းအားရှိသည့်တပ်များ ဖြစ်အောင်တည်ဆောက်ပြီး နိုင်ငံ့အကျိုး၊ တပ်မတော်အကျိုးနှင့် ဒေသအကျိုးအတွက် ဆောင်ရွက်သွားကြရန်လိုကြောင်း" ပြောကြားခဲ့ပါတယ်။ 

ရွှေဘိုမြို့နယ်အတွင်းရှိ နီပိန်း PDF အကြမ်းဖက်သမားတွေကိုသာမက အနယ်နယ်အရပ်ရပ်ရှိ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်အဖွဲ့များကို နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အပေါ် အလေးထားပြီး ဒေသအာဏာပိုင်များက ပြတ်သားစွာ နှိမ်နင်းပေးကြဖို့ကို တည်ငြိမ်အေးချမ်းမှုကို လိုလားတောင်းတနေကြတဲ့ ပြည်သူများကိုယ်စား တောင်းဆိုလိုက်ရပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)