ဟင်္သာတ၊ အောက်တိုဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၅)ကို ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် စုပေါင်းမဟာဘုံကထိန် ကျင်းပနိုင်ရေးဦးစီးကော်မတီ အတွင်းရေးမှုး ကိုယ်စား ခရိုင်သာသနာရေးဦးစီးဌာနမှ ဦးအောင်မင်းသိန်းက ၂၀၂၅ ခုနှစ် ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်း မဟာဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ဆပ်ကော်မတီများမှ လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ ၊ ထပ်မံဆောင်ရွက်မည့်အစီအစဉ်များ၊ အလှူငွေရရှိမှုနှင့် လှူဒါန်းမည့်အစီအစဉ်များကို တင်ပြရှင်းလင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ က မိမိတို့တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆပ်ကော်မတီများအလိုက် တင်ပြဆွေးနွေးခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ဟင်္သာတခရိုင်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက တင်ပြချက်များအပေါ် လိုအပ်သည်များ ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment