မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးသန်၍ ခြံစည်းရိုးအုတ်နံရံပြိုကျမှုကြောင့် နေအိမ်ဖိမိ ပြိုကျပျက်စီး အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးသန်၍ ခြံစည်းရိုးအုတ်နံရံပြိုကျမှုကြောင့် နေအိမ်ဖိမိ ပြိုကျပျက်စီး အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းပေးအပ်





မြိတ်  ၊ အောက်တိုဘာ ၃၀


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေစီးသန်မှုကြောင့် ကန်ဖျားရပ်ကွက်ရှိ ကေသာလာရာမသီလရှင်စာသင်တိုက် ခြံစည်းရိုး အုတ်နံရံအမြင့်(၇)ပေ အရှည်(၈၀)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ နေအိမ်ဖိမိ ပြိုကျပျက်စီးခဲ့သည့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့လယ်ပိုင်း၌ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးအပ်ကြသည်။


 ဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁)သိန်းကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၅၀၀၀)ကျပ်ကို မြိတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြစောနွယ်နှင့် ဝန်ထမ်းများက ပေးအပ်ခဲ့ကြသည်။ ထို့အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် တာပေါ်လင်(၂)ချပ်၊ တစ်ကိုယ်ရည်သုံးပစ္စည်း(၁)စုံနှင့် အမျိုးသမီးသုံး ပစ္စည်းများကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက ပေးအပ်သည်။


မြိတ်မြို့နယ်အတွင်းရှိ ပြည်သူများအား သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ နည်းစေရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်မြစောနွယ်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက စန္ဒဝတ်ကျေးရွာအုပ်စုနှင့် ကျောက်ဖျာကျေးရွာအုပ်စုများရှိ ကျေးရွာများသို့ ဆော်ဩရေးယာဉ်ဖြင့် ကွင်းဆင်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)