ပြည်ကြီးတံခွန်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ပန်းခင်း(၃)စီမံချက်ဖြင့် အသက်(၁၈) နှစ်ပြည့်ပြီး ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့်ပျောက်ဆုံး/ ပျက်စီး မိတ္တူထုတ်ပေးခြင်း အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် မြို့ပေါ်ရပ်ကွက်များတွင် ပန်းခင်း(၃)စီမံချက်ဖြင့် အသက်(၁၈) နှစ်ပြည့်ပြီး ပြည်သူများအားနိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့်ပျောက်ဆုံး/ ပျက်စီး မိတ္တူထုတ်ပေးခြင်း အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး




ပြည်ကြီးတံခွန်  ၊ အောက်တိုဘာ ၃၀


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်ရှိ မျိုးသိန်းဓမ္မာရုံနှင့်(စ) ရပ်ကွက်ရှိအတုလဂုဏ်ရည်ဓမ္မာရုံတို့တွင် အောက်တိုဘာ ၂၉ ရက်နေ့နံနက်၁၀နာရီ အချိန်ကမြို့နယ် လဝကဦးစီးမှူးဦးအောင်သွင် ဦးဆောင်သည့်အဖွဲ့မှ ပန်းခင်း(၃)စီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းနှင့် ပျောက်ဆုံး/ပျက်စီး မိတ္တူထုတ်ပေးခြင်းအခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဦးဟိန်းကျော်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဝင်းအောင်မျိုး၊ ရဲမှူးဇေယျာသန်း၊ ဦးသောင်းနိုင်တို့ကလှည့်လည်ကြည့်ရှု စစ်ဆေး အားပေးခဲ့ကြောင်းသိရသည်။


ဇင်မင်းမောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)