၅နှစ်ကြာ နားထားတဲ့ ဗီယက်နမ်-တရုတ် ရထားလမ်းပြန်ဖွင့်လိုက်တာ တော်တော်အဆင်ပြေနေတယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၅နှစ်ကြာ နားထားတဲ့ ဗီယက်နမ်-တရုတ် ရထားလမ်းပြန်ဖွင့်လိုက်တာ တော်တော်အဆင်ပြေနေတယ်


အောက်တိုဘာ - ၁

ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား ယခင်က ရပ်နားထားတဲ့ ခရီးသည်တင်ရထား ပြေးဆွဲမှုကို ပြန်လည် ဖွင့်လှစ် လိုက်ခြင်းက နှစ်နိုင်ငံစလုံး၏ ခရီးသွားအခင်းအကျင်းအတွက် သိသိသာသာ ပြောင်းလဲလာပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါ အစောပိုင်းကာလများအတွင်းကနေစပြီး ရပ်နားထားခဲ့တဲ့ အဲ့ဒိရထားလမ်းက အခုတော့ ခရီးသွား စီးဆင်းမှုကို မြှင့်တင်ရန်နဲ့ အိမ်နီးချင်းနိုင်ငံများသို့ နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်ရန် အလားအလာရှိသော အခွင့်အရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

အထူးသဖြင့် ကူးစက်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးကတည်းက ဗီယက်နမ်နှင့် တရုတ်နိုင်ငံ အကြား ခရီးသွားလာရေး တောင်းဆိုမှု မြင့်တက်လာခြင်းကြောင့် အဲ့ဒိ ခရီးသွားလမ်းကြောင်း ပြန်လည်အသက်ဝင်လာကာ ခရီးသွားဝန်ဆောင်မှုက နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးတွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်လာပါတယ်။ 

တရုတ်နိုင်ငံ နန်နင်းမြို့နဲ့ ဗီယက်နမ် နိုင်ငံမြို့တော် ဟနွိုင်းကြား ခရီးသည်တင်ရထား ပြန်လည်စတင်နိုင်ခြင်းက ဒေသတွင်း ခရီးသွားလာမှုတွင် စိတ်လှုပ်ရှားဖွယ်ရာ ကဏ္ဍသစ်တစ်ခု ဖြစ်လာပါတယ်။ ၁၁ နာရီခွဲကြာ ရထားခရီးစဉ်ကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ၂၀၂၀ ဖေဖော်ဝါရီလတွင် COVID-19 ပျံ့နှံ့မှုကို တားဆီးရန် ကမ္ဘာလုံးဆိုင်ရာ နယ်နိမိတ်များ ပိတ်လိုက်သောအခါ ခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပါတယ်။ ယခုအခါ ကမ္ဘာကြီး ပြန်လည်ထူထောင်ရေးဆီသို့ ဦးတည်ရွေ့လျားနေချိန်တွင် ဗီယက်နမ်နှင့် တရုတ်ခရီးသွားများကို များစွာအကျိုး ဖြစ်ထွန်းစေမည့် အလားအလာအဖြစ် အဲ့ဒိ ခရီးသွား ဝန်ဆောင်မှုကို ပြန်လည် စတင်လိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ အလည်အပတ်သွားလိုသော ခရီးသွားများအတွက် ဆွဲဆောင်မှုအရှိဆုံး ရွေးချယ်စရာ တစ်ခုဖြစ်သွားပါတယ်။ အထူးသဖြင့် ဈေးသက်သာပြီး သာယာလှပသော လမ်းကြောင်းဖြစ်လို့လည်းဖြစ်ပါတယ်။ လေယာဉ်ပျံ နဲ့ ဘတ်စ်ကား စီးသွားတာထက် ပိုပြီး အဆင်ပြေတဲ့အပြင် အစားအသောက်ကောင်းမွန်တာကလည်း ဆွဲဆောင်မှုအကြီးကြီးဖြစ်ခဲ့ပါတယ်။ ထို့အပြင် ရထားလမ်းဝန်ဆောင်မှုက တရုတ်ခရီးသွားများအား ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ပိုမိုမြန်ဆန်အဆင်ပြေသည့် ရွေးချယ်မှုဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုကို ချောမွေ့လွယ်ကူစေပါတယ်။ 


REF: TTW

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)