ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Export Zone ဖော်ဆောင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Export Zone ဖော်ဆောင်ရေးညှိနှိုင်း အစည်းအဝေးတက်ရောက်


ပုသိမ်၊ အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌  Export Zone ဖော်ဆောင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၉-၉-၂၀၂၅ ရက်နေ့က ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက် ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ Export Zone ဖော်ဆောင်ရေးတွင် Exporterများ၊ ဆန်စက် လုပ်ငန်းရှင်များ၊ မျိုးစေ့ထုတ်လုပ်ငန်းရှင်များအပြင် တောင်သူများလည်းပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးသည် စပါးအများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်ပြီး မိုးစပါး၊ နွေစပါး(၅၂)သိန်း ကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးသည် ပန်းတိုင်အထွက်နှုန်းတစ်ဧက တင်း(၁၀၀) ရောက်ရှိပါက စပါးတင်းသိန်းပေါင်း (၄)ထောင်ကျော်(၅)ထောင်ခန့်နှင့် ဖူလုံမှုအနေဖြင့်(၄၄၈) ရာခိုင်နှုန်း ဖူလုံမည်ဖြစ်ပါကြောင်း၊ Export Zone ဖော်ဆောင်ရာတွင် အသေးစိပ် စီမံဆောင်ရွက်ရန် လိုပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းမွှေးအား ပြည်ပတင်ပို့နိုင်ရေး Export Zone အတွင်း ထည့်သွင်းလျာထားရန်လည်းလိုပါကြောင်း၊ Export Zone ဧက(၁)သိန်း အကောင်အထည် ဖော်ဆောင်ရာတွင် မျိုး၊  မြေ၊ ရေ၊ နည်း နည်းလမ်း(၄)သွယ်ဖြင့် စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ပြီး ဈေးကွက်ခိုင်မာအောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စနစ်တကျလယ်ယာ မြေများ၊ အဆင့်မြင့်လယ်ယာမြေများ ဖော်ထုတ်၍ Export Zoneအား စံနမူနာပြဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်းနှင့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးလိုအပ်မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ မျိုးစေ့ထုတ်ကိုယ်စားလှယ်၊   Exporter ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးစားသုံး သူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးတို့က  Export Zoneသတ်မှတ်ရွေးချယ်ရာတွင် လိုက်နာသင့်သည့် အချက်များ၊ Export Zone ဖော်ဆောင်ရာတွင် ကြိုတင်ပြင်ဆင်ရန်အချက်များနှင့် လိုက်နာသင့်သည့် အချက်များ၊  ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆နွေစပါးရာသီတွင် Exportကုမ္ပဏီအလိုက် Export Zone ဖော်ဆောင်မည့် အခြေအနေများ၊  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နွေစပါးရာသီ Export Zoneတွင် စိုက်ပျိုးမည့်မျိုးများ၊ Export Zoneများအတွက် လိုအပ်သော စပါးမျိုးများ ရရှိရေးဆောင် ရွက်မည့်အစီအစဉ်များ၊ ဓာတ်ကြွင်းပါဝင်သော ပိုးသတ်/မှိုသတ်ဆေးများ အကြောင်း၊ အမြင့်ဆုံးဓာတ် ကြွင်းပါဝင်မှုသတ်မှတ်ချက်၊ ဆန်တင်ပို့သည့် ကုမ္ပဏီများသို့ အကြံပြု ချက်များ၊  စပါးExport Zoneဧက(၁)သိန်းအကောင်အထည်ဖော်ရန် မြေနေရာအဆိုပြု ဧရိယာများ၊ မျိုးစေ့ရရှိနိုင်မှုများ၊ Contract Farming စနစ်ဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းနှင့် Export Zone ဖော်ဆောင်နိုင်ရေး ဆွေးနွေးတင်ပြမှုများနှင့်  အစည်းအဝေးသို့တက်ရောက် လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး Export Zone ဖော်ဆောင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)