မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင်သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးပြိုင်ပွဲဝင်အဖွဲ့များ စွမ်းရည်ပြသ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်)တွင်သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးပြိုင်ပွဲဝင်အဖွဲ့များ စွမ်းရည်ပြသ




ထားဝယ်   ၊   စက်တင်ဘာ ၃၀


၂ဝ၂၅ ခုနှစ်၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီးပြိုင်ပွဲဝင်အဖွဲ့များ၏ လေ့ကျင့်မှုစွမ်းရည်ပြပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့တော်(၁) ခန်းမ၌ ကျင်းပသည်။


ဦးစွာဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်မည့်  ကဗျာလွတ်အက၊ ထားဝယ်တိုင်းရင်းသားရေအိုးရွက်အက၊ ထားဝယ်တိုင်းရင်းသားယန်းအကနှင့် ၂ဝ၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ ၊ အရေး၊ အတီးပြိုင်ပွဲတွင် သွား ရောက်ယှဉ်ပြိုင်မည့် အခြေခံပညာအဆင့်အသက် (၁၀-၁၅) နှစ်၊ (၁၅-၂၀) နှစ်၊ အဆင့်မြင့်ပညာအဆင့်တို့၏ လေ့ကျင့်မှုစွမ်းရည် ပြသမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်မိဘများနှင့်ဝါသနာရှင်များက ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအတွက် ဂုဏ်ပြု ဆုငွေ ကျပ်သိန်း (၃၀) ချီးမြှင့်သည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ကြ မည့် တိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့က လေ့ကျင့်စွမ်းရည် အကောင်းဆုံးတင်ဆက်ကပြသောကြောင့် ကျေနပ်အားရမိကြောင်း၊  ပြိုင်ပွဲဝင် အဖွဲ့များက ကြိုးစားလေ့ကျင့် ထားသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိကြောင်း၊ ပင်ပန်းစွာဖြင့်ကြိုစားပြီး လေ့ကျင့်ခဲ့သောကြောင့်စွမ်းရည်ပြပွဲတွင် အားလုံး၏  အဆို၊ အက၊ အတီးများသည့် အဆင့်မီစွာ အကောင်းဆုံးယှဉ်ပြိုင်နိုင်မည့် အနေအထား ရောက်ရှိ နေပြီဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များသည် မိမိကိုယ်ကိုယှဉ်ပြိုင်နိုင်ပြီးဆိုသည့်စိတ်ဓာတ်ကို သန္နိဋ္ဌာန်ချပြီး ပြိုင်ပွဲဝင်ရောက်သည့်အချိန်တွင် အကောင်းဆုံးဖြစ်အောင်ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး၏ဂုဏ်၊ ဒေသ၏ဂုဏ်အတွက် ဆုများယူပြီး ပြန်လာမည်ဟုယုံကြည်ကြောင်း ပြောကြားသည်။


ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက  ပြိုင်ပွဲဝင်များအားရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)