၂၀၂၅ ဆေးပညာနိုဘယ်ဆုအတွက် ၃ ဦးတွဲဆုရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ဆေးပညာနိုဘယ်ဆုအတွက် ၃ ဦးတွဲဆုရ


အောက်တိုဘာ - ၇ ( အင်္ဂါနေ့ ) 

ကာရိုလင်ကာ အင်စတီကျူရဲ့ နိုဘယ်ညီလာခံ ကနေ ၂၀၂၅  ဇီဝကမ္မဗေဒ သို့မဟုတ် ဆေးပညာဆိုင်ရာ နိုဘယ်ဆုကို ချီးမြှင့်ရန် အတွက် အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်မြို့က ဇီဝဗေဒဆိုင်ရာစနစ်အင်စကျူ့မှ မေရီ အီး ဘရန်ကောင်း၊ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကိုမြို့ ဆိုနိုမာ ဇီဝကုသရေး ဆိုင်ရာဌာနမှ ဖရက်ရန်းစ်ဒယ် နဲ့ ဂျပန်နိုင်ငံ အာဆာကာမြို့ အိုဆာကာတက္ကသိုလ်မှ ရှိမွန်ဆာကာဂူချီ တို့ကို အောက်တိုဘာလ ၆ ရက်နေ့က ရွေးချယ်ခဲ့ပါတယ်။ 

သူတို့ ၃ ဦးရဲ့တွေ့ရှိမှုက ကိုယ်ခံအားစနစ်တွေ နဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ နေ့တိုင်း အဏုဇီဝတွေနဲ့ ဆက်ဆံနေရပါတယ်။ ခန္တာကိုယ်ထဲကို ဝင်လာတဲ့ အဏုဇီဝကောင်တွေကို တိုက်ခိုက်ဖို့အတွက် ကိုယ်ခံစနစ်တွေက အလုပ်လုပ်ပါတယ်။ အဲ့ဒိကိုယ်ခံအားစနစ်တွေ ကို မျိုးခွဲပေးတာရယ်၊ ထွက်လာတဲ့ ကိုယ်ခံအားစနစ်ရဲ့ ဘေးထွက် စနစ်တွေက ခန္တာကိုယ်ကို ပြန်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ အချက်တွေကို ခွဲထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ 

ဆွီဒင်ခရိုနာ ၁၁ သန်း ( ကန်ဒေါ်လာ ၁သန်း ၁သိန်းကျော် ) ကို ၃ ယောက် အညီအမျှ ခွဲယူရမှာပါ။


REF: the Nobel prize press release

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)