အောက်တိုဘာ ၇ ရက်နေ့ အာဆီယံ ခေါင်းကြီးပိုင်း သတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တိုဘာ ၇ ရက်နေ့ အာဆီယံ ခေါင်းကြီးပိုင်း သတင်းများ


မြေမြုပ်မိုင်းရှင်းလင်းရေး အတွက် နော်ဝေးက ငွေကြေးအကူအညီမယ်

နော်ဝေးသည် ၂၀၂၅ မှ ၂၀၂၇ အတွင်း မြေမြုပ် မိုင်းရှင်းလင်းရေးစီမံကိန်းအတွက် ကမ္ဘောဒီးယားသို့  အမေရိကန် ဒေါ်လာ ၁.၂ သန်း ပံ့ပိုးပေးမှာပါ ။ စစ်ပွဲအကြွင်းအကျန်တွေဖြစ်တဲ့ မြေမြုပ်မိုင်းကိစ္စ နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုများ၊ ဒေတာစီမံခန့်ခွဲမှု၊ စွမ်းရည်မြှင့်တင်ရေး နဲ့ သုတေသနလုပ်ငန်းများတွင် နော်ဝေးနိုင်ငံက ကမ္ဘောဒီးယားကို ကူညီပေးလျက်ရှိသည်။ ( Agent KAMPUCHEA Press )


တစ်တော့ပေါ်မှာ ဆန္ဒပြမှုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေ တင်လို့ တစ်တော့ကုမ္ပဏီရဲ့ လိုက်စင်ပြန်သိမ်း

ဩဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော အင်ဒိုနီးရှား နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများ နဲ့  ပတ်သက်တဲ့ ဗီဒီယို အပိုင်းတိုတွေကို တစ်တော့ ပလက်ဖောင်းပေါ်မှာ တင်ခွင့်ပြုတဲ့အတွက် တစ်တော့ကုမ္ပဏီရဲ့ ပြည်တွင်း လည်ပတ်ခွင့် လိုင်စင်ကို အစိုးရတာဝန်ရှိသူတွေက ပြန်လည်သိမ်းဆည်းလိုက်ပါတယ်။ 

( JAKARTA GLOBE ) 


လူငယ်တွေကို တိုင်းပြည်ရဲ့ အရင်းအနှီး အဖြစ်လုပ်ဖို့ ကုလသမဂ္ဂ တိုက်တွန်း

ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့သည် ပြည်တွင်း လူဦးရေအခင်းအကျင်းကို အရင်းအနှီးအဖြစ် အသုံးချရန် အတွက် လာအို အစိုးရကို တိုက်တွန်းထားပါတယ်။ လူငယ်များ၊ အထူးသဖြင့် မိန်းကလေးများနှင့် အမျိုးသမီးများအတွက် ရင်းနှီးမြှုပ်နှံရန်ဖြစ်ပြီး  လာအိုလူဦးရေ၏ ထက်ဝက်သည် ၂၅ နှစ်အောက်ဖြစ်ပြီး ငါးဆယ်ရာခိုင်နှုန်းမှာ မိန်းကလေးများဖြစ်ပါတယ်။ ( VIENTIANE TIMES ) 


စက်တင်ဘာလအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာပါဝင်တဲ့ ခေါင်းဆောင်တွေကို ရဲတွေခေါ်ပြီ

ဖိလစ်ပိုင် အမျိုးသား ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၁ ရက်က မနီလာတွင် ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများနှင့် ပတ်သက်တဲ့ ခေါင်းဆောင် လေးဦးကို ဆင့်ခေါ်ခဲ့ပါတယ်။  ၎င်းတို့ထဲမှ တစ်ဦးကတော့ မနေ့ကတုန်းက အာဏာပိုင်များရှေ့မှောက် လာရောက် အတွေ့ခံခဲ့ပါတယ်။

 ( THE PHILIPPINE NEWS AGENCY)


မာလုံးလမ် ရဲ့ အမှုကို ရက်ရွှေ့ 

ဒေါ်လာသန်းရာနှင့်ချီတန်သော ကြီးမားသော ဒစ်ဂျစ်တယ် ငွေကြေးခိုးယူမှုအား ကြိုးကိုင်မှုဖြင့် စွပ်စွဲခံထားရသော စင်ကာပူနိုင်ငံသား မာလုံးလမ် ကို ရုံးတင်စစ်ဆေးဖို့အတွက် အလွန်အမင်းမျှော်လင့်ထားပေမဲ့ အစမ်းစစ်ဆေးမှုကို အောက်တိုဘာလ ၆ ရက်နေ့ နောက်ဆုံးမိနစ်တွင် အမေရိကန်ပြည်ထောင်စုက ရွှေ့ဆိုင်းလိုက်ပါတယ်။ အစိုးရရှေ့နေရုံးမှ “တရားခံ ၁၁ ဦး နဲ့ ပူးပေါင်းကြံစည်မှုများစွာတို့ အတွက် RICO အက်ဥပဒေအောက်တွင် အမှုကို ရွှေ့ဆိုင်းလိုက်တယ်လို့ ကြေညာလိုက်တာကြောင့် ရုံးတင်စစ်ဆေးရန် နှောင့်နှေးခဲ့ရပါတယ်။  တရားရုံး၏ စွဲချက်တင်ချက်များအရ၊ မာလုံးလမ် နဲ့ အဖွဲ့က အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် တန်ဖိုးရှိတဲ့ ခရစ်ပတိုငွေကြေး ကို ခိုးယူရန် ခေတ်မီဆန်းပြားသော အစီအမံတစ်ခုကို တီထွင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ( CNA ) 


ထိုင်းငွေကြေး ဘတ်ဈေးဆက်တက်ဖို့ရာ ရှိနေပါတယ် လို့ဆို 

ထိုင်းနိုင်ငံမှာ ကုန်ဈေးနှုန်း ကျဆင်းလာပြီး ဘတ်ငွေ ခိုင်မာမှု ရှိလာတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းက ဆက်လက်ကျဆင်းနေပြီး စက်တင်ဘာလတွင် ခြောက်လဆက်တိုက် ကျဆင်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ( THE NATION ) 


ဟိုချီမင်းမြို့က အာရှရဲ့ ထိပ်တန်း မီဂါစီးတီးဖြစ်လာနေ

ဟိုချီမင်းစီးတီးသည် အာရှတွင် ကြီးမားသောမြို့ကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာစေရန် အုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အာရုံစိုက်နေပါတယ်။ မြို့က ဘဏ္ဍာရေး၊ ကူးသန်းရောင်းဝယ်ရေး၊ သိပ္ပံနှင့် နည်းပညာတို့အတွက် ဗီယက်နမ်ရဲ့ ထိပ်တန်းအချက်အချာဖြစ်နေပါပြီ ။ ( VIETNAMPLUS )


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)