မိုးညိုမြို့နယ်၌ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဗီနိုင်းပိုစတာများ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညိုမြို့နယ်၌ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့” ဗီနိုင်းပိုစတာများ စိုက်ထူ


မိုးညို၊ အောက်တိုဘာ ၇

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် "နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့" ဗီနိုင်းပိုစတာများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့ပေါ် နေရာ ၃ ခု၌ ယနေ့နံနက် ၉ နာရီအချိန်က စိုက်ထူခဲ့သည်။

အဆိုပါ ဗီနိုင်းပိုစတာများစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းလင်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးအောင်ဇင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ‌ရွေးကောက်ပွဲ "နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့" ဗီနိုင်းပိုစတာ ၃ ခုအား လူအသွားအလာများသည့် ဗိုလ်ချုပ်ဆောင်ဆန်းလမ်းမကြီး၊ ပြည်တော်အေးလမ်းနှင့် ဗိုလ်တေဇလမ်းမကြီးလမ်းဆုံများတွင် အမွှေးနံ့သာများ ပက်ဖျန်း၍ စိုက်ထူခဲ့ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)