နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ဆိုင်းဘုတ်စိုက်ထူ


နတ်မောက်၊ အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က နတ်မောက်မြို့ တြိဂံလမ်းဆုံ၌  စိုက်ထူခဲ့ကြောင်း သိရသည်။          

အဆိုပါ ဆိုင်းဘုတ်စိုက်ထူရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခဲ့ကြသည်။ နတ်မောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ဆိုင်းဘုတ်ကို တစ်ပြိုင်တည်း စိုက်ထူထားသည့် နတ်မောက်-ပျော်ဘွယ်ကားလမ်းနှင့်နတ်မောက်-မကွေး ကားလမ်းဘေးရှိ စိုက်ထူထားသည့်ဆိုင်းဘုတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)