အောက်တိုဘာ - ၂၁ ( အင်္ဂါနေ့ )
ဒီနှစ် နှစ်ဦးပိုင်းမှာဖြစ်ခဲ့တဲ့ အိန္ဒိယ - ပါကစ္စတန်စစ်ပွဲမှာ အိန္ဒိယ-ရုရှားဖက်စပ်ထုတ်ထားတဲ့ ဘာရာမော့စ် အသံထက်မြန်တဲ့ ခရုဇ်ဒုံးပျံများရဲ့ စွမ်းရည်ကို မြင်တွေ့ခဲ့ပြီးနောက် နိုင်ငံအများအပြားက စိတ်ဝင်စားနေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောကြားခဲ့ပါတယ်။
မနေ့က အိန္ဒိယနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒေဝါလီ အခမ်းအနားတွေလုပ်ခဲ့ရာ အိုင်အန်အက်စ်ဗီခရန် စစ်သင်္ဘောပေါ်မှာလုပ်တဲ့ ဒေဝါလီပွဲကို တက်ရောက်ခဲ့တဲ့ နာရင်ဒရာမိုဒီက သင်္ဘောပေါ်ရှိ ရေတပ်ဝန်ထမ်းများအား မိန့်ခွန်းပြောကြားရာတွင် ဘရာမော့စ် ဆိုတဲ့ စကားလုံးကို ကြားရုံနဲ့ လူအချို့ရဲ့စိတ်ထဲ ကြောက်ရွံ့မှု ဖြစ်စေတယ်လို့ မိုဒီက ပြောကြားခဲ့ပါတယ်။
"ဘရာမော့စ်နဲ့ အာကတ်ရှ် တို့လို ကျနော်တို့ရဲ့ ဒုံးကျည်တွေက အော်ပရေးရှင်း ဆင်ဒိုးမှာ ၎င်းတို့ရဲ့စွမ်းရည်ကို သက်သေပြခဲ့ပြီးပါပြီ" လို့ မေလတုန်းက ပါကစ္စတန်နှင့် လေးရက်ကြာ စစ်ရေးထိပ်တိုက်တွေ့မှုတွင် သုံးခဲတဲ့ဒုံးတွေအကြောင်းနဲ့ပတ်သက်ပြီး ပြောပြလိုက်တာပါ။
ဘရာမော့စ်အာကာသလုပ်ငန်း ကုမ္ပဏီ ဆိုတာက အိန္ဒိယက ဗြဟ္မပုတ္တရမြစ်နဲ့ ရုရှားနိုင်ငံက မော့စ်ကဗာမြစ် တွေ ကို အစွဲပြုပြီး ခေါ်ထားတာပါ။ အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ကုမ္ပဏီတွင် ရှယ်ယာ ၅၀.၅% ပိုင်ပြီး ရုရှား က ၄၉.၅% ရပိုင်ထားပါတယ်။
အက်တာပရာဒေ့ရှ် မြောက်ပိုင်းပြည်နယ် လက်ခ်နောင်းမြို့ ရှိ ဘရာမော့စ်ကုမ္ပဏီ စမ်းသပ်ရေးစင်တာက ထုတ်လိုက်တဲ့ ပထမအသုတ် ဒုံးကျည်များကို လက်နက်ကိုင်တပ်ဖွဲ့များထံ လွှဲပြောင်းပေးအပ်ပြီးနောက် ရက်အနည်းငယ်အကြာတွင် မိုဒီက အခုလိုပဲ ပြောလိုက်တာပါ။
အဲ့ဒိစက်ရုံဖွင့်ပွဲနေ့က နိုင်ငံနှစ်ခုရဲ့စစ်တပ်တွေက ခန့်မှန်းခြေ ဒေါ်လာ သန်း ၄၅၀ တန် စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောခဲ့ပါတယ်။ စက်ရုံလည်ပတ်တဲ့တန်ဖိုးက ကန်ဒေါ်လာ သန်း ၃၄၀ ဝန်းကျင်ခန့် ရှိတယ်လို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost



No comments:
Post a Comment