ပုဇွန်တောင်၊ အောက်တိုဘာ ၂၁
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၌ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို အောက်တို ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက စတင်ပြီး ပုဇွန်တောင်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။
ပုဇွန်တောင်မြို့နယ်ကော်မရှင်အဖွဲခွဲရုံးအနေဖြင့် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ(၁၀)၊ ပုံစံ(၁၀-က)နှင့် ပုံစံ(၁၀-ခ) များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၀ ရက်မှ စတင်၍ တစ်ပြိုင်တည်းကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost

No comments:
Post a Comment