သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

 


သုံးခွ  ၊ အောက်တိုဘာ ၂၇


လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက '"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ အောက်တိုဘာ ၂၆ ရက် နံနက်၉နာရီက ကတုံးပေါ်အထက်ကျေးရွာတွင် ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်် ဒုတိယလက်ထောက်လဝက ဦးစီးမှူး ဦးမျိုးမြတ်ဇော်က ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပ‌ဒေအ‌ကြောင်းအရာများ၊ ပန်းခင်းစီမံချက်အကြောင်းအရာများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိခြင်းကြောင့် ရရှိမည့်အကျိုး‌ကျေးဇူးများ၊ မပျောက်မပျက်အောင် စနစ်တကျထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အသက် ၁၆ နှစ်မှ ၁၈ နှစ်ထိနှင့် အသက်၁၈နှစ်အထက် နိုင်ငံသားအရည်အချင်းပြည့်မီသူများအားလိုအပ်သော သက်သေခံအထောက်အထားများ၊စာရွက်စာတမ်းများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လဝကဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။


စည်သူလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)