တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ








တောင်ငူ၊ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ မဟာမုနိကေလဇာတီစေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပွဲအခမ်းအနားနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားကို ယမန်နေ့က မဟာမုနိကေလဇာတီစေတီတော်၌ ကျင်းပသည်။

အခမ်းအနားတွင်  အလှူရှင်များက သံဃာတော်အရှင်မြတ်များထံမှ ကိုးပါးသီလခံယူ ဆောက်တည်ပြီး မေတ္တသုတ်ပရိတ်တရားတော်ကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်သည်။  ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်အပ်ချည်များကို ယူဆောင်၍ စေတီတော်ရင်ပြင်တွင် ပက်ဖျန်းချည်နှောင်ပြီး ဆရာတော်အရှင်မြတ်များထံ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ယာယီစံကျောင်းမှ ပန်းရထားဖြင့် ပင့်ဆောင်မည့် မင်္ဂလာမဏ္ဍပ်သို့ စေတီတော်ကို လက်ယာရစ်တစ်ပတ်ပြီး ပင့်ဆောင်သည်။ ထို့နောက် အလှူရှင်များက   ထီးတော်၊ ဘုံအဆင့်များ၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို ပန်းရထားဖြင့် တင်လှူပူဇော်ပြီး ဆရာတော်အရှင်မြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကာ နတ်၊ ဗြဟ္မာတို့ကို ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တောင်ငူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်စိုး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံကျော်ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင် မင်းသားဟိန်းဝေယံ၊ မင်းသမီး အကယ်ဒမီ စိုးပြည့်သဇင်နှင့်  အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


ဇော်ကိုကို (တောင်ငူ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)