ဂျပန်နိုင်ငံရောက် အမျိုးယုတ် ပြည်ဖျက်မိစ္ဆာ နီပိန်းတွေက အမေရိကန်သမ္မတ ဘောကို ပြေးငုံခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်နိုင်ငံရောက် အမျိုးယုတ် ပြည်ဖျက်မိစ္ဆာ နီပိန်းတွေက အမေရိကန်သမ္မတ ဘောကို ပြေးငုံခြင်း


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာနီပိန်းတွေရဲ့ သောက်ကျင့်က ခါတော်မှီလုပ်တဲ့ နေရာမှာ အချိန်ကိုက် လုပ်တတ်တယ်။ အာဆီယံထိပ်သီးအစည်းအဝေးမှာ အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြု လက်မှတ်ရေးထိုးတာကိုလည်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က ဝမ်းမြောက်ကြောင်းတွေ ထုတ်ပြန်နေတာကို တွေ့လိုက်ကြတယ်မဟုတ်လား။ အရှေ့တီမော က NUG အကြမ်းဖက်အဖွဲ့ဘက်ကနေ ရပ်တည်မိခြင်းကြောင့် မြန်မာနိုင်ငံနဲ့ သံတမန်ရေးရာ အဆက်ပြတ်မလို ဖြစ်ပြီး မြန်မာပြည်ကနေ နှင်ထုတ်ခံခဲ့ရတယ်။ 

နောက်တော့မှ အမှန်တရားကို သိမြင်နားလည်လာပြီး လက်ရှိအစိုးရနဲ့ ပြန်လည်ဆက်သွယ်တယ်။ NUG အကြမ်းဖက်အဖွဲ့ဘက်က ရပ်တည်တာမျိုးမရှိတော့ဘဲ ပုံမှန်အခြေအနေ ပြန်ဖြစ်လာခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်ဖို့အတွက်က တရားဝင်အစိုးရရဲ့ ထောက်ခံမှုလိုအပ်တာ ဖြစ်တဲ့အတွက် တရားဝင်အစိုးရနဲ့ပဲ ဆက်ဆံတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က အမေရိကန်မှာ တိုက်ခန်းငှား၊ ရုံးခန်းဖွင့်ပြီး အရမ်းကို တရားဝင်အစိုးရဖြစ်ချင်နေတာ။ တရားဝင်အစိုးရဖြစ်ချင်သော်လည်း သူတို့ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက် အားလုံးက အများပြည်သူ ကောင်းကျိုးဖြစ်စေမယ့် လုပ်ရပ်မျိုး ပြစရာမရှိဘူး။ ကမ္ဘာအရပ်ရပ်ကနေ အလှူခံတယ်။ မြန်မာပြည်သူတွေကို အသေဆိုးနဲ့ သေအောင်သတ်တယ်ဆိုတဲ့ အကြမ်းဖက်အဖွဲ့မျိုး တရားဝင် အစိုးရသဖွယ် ဆက်ဆံတဲ့ နိုင်ငံ၊ အဖွဲ့အစည်းဟာ အကြမ်းဖက်လှုပ်ရှားမှုကို အားပေးတဲ့ နိုင်ငံ၊ အကြမ်းဖက်လှုပ်ရှားမှုအတွက် ထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်မှာပေါ့။ ဒါကြောင့် ဘယ်နိုင်ငံကမှ မြန်မာပြည်အတွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အောင် လှုံ့ဆော်ပြီး အနောက်နိုင်ငံများကို ထွက်ပြေးတဲ့ NUG, CRPH ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကို တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံ တစ်နိုင်ငံမှ မရှိပါဘူး။ 

အမေရိကန်နိုင်ငံမှာ တိုက်ခန်းငှားပြီး ရုံးခန်းဖွင့်ထားသည့်တိုင်အောင်လည်း အမေရိကန်အစိုးရက တရားဝင်အစိုးရအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုပြီး လက်ခံထားတာ မဟုတ်ပါဘူး။ အမေရိကန်မှာက အဲဒီလို ပြည်ပြေး ဝရမ်းပြေး နိုင်ငံပေါင်းစုံကဟာတွေ စုဝေးရောက်ရှိလာပြီး အဝေးရောက်ဆိုတဲ့ အဖွဲ့အစည်းတွေကို နေထိုင်ခွင့်ပြုထားတာ အများကြီးရှိပါတယ်။ မြန်မာပြည်က NUG ဆိုတာသည်လည်း ထိုအထဲက တစ်ဖွဲ့ပါပဲ။

အမေရိကန်အစိုးရက NUG အကြမ်းဖက်အဖွဲ့ကိုသာ အသိအမှတ်ပြုထားတယ်ဆိုရင် ကုန်သွယ်ရေးကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်တဲ့အခါမှာ ပြည်ပြေး ဝရမ်းပြေး ခွက်ခေါက်သူတောင်းစားတွေကို ဆက်သွယ်မှာပေါ့။ ဘာလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဆက်သွယ်ခဲ့သလဲ။ NUG အကြမ်းဖက်အဖွဲ့က ခွက်ခေါက်သူတောင်းစားတွေက သူတို့သည် တရားမဝင်ဘူးဆိုတာ သိတယ်။ သို့သော် တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်းကို မဖွင့်ဟဘူး။ သူငယ်နှပ်စား နီပိန်းလေးတွေကို ဂျင်းထည့်ပြီး ခွက်ခေါက်အုံးမှာလေ။ အမှန်တရားကို ဘယ်လိုလုပ်ဖွင့်ဟပြောဆို ဝန်ခံလို့ ဖြစ်ပါ့မလဲ။

မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ ယာယီသမ္မတဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို လာရောက်ဖိတ်ကြားပါတယ်။ အောက်တိုဘာ (၉) ရက်နေ့က မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံသွားတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနဲ့လည်း ဆွေးနွေးသွားတယ်။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဗိုလ်ချုပ်မှူးကြီး တက်ရောက်ဖို့ ဖိတ်ကြားသော်လည်း တက်ရောက်မှာ မဟုတ်ကြောင်း သတင်းတွေထွက်လာခဲ့ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ် က ရုရှား၊ တရုတ်၊ မြန်မာနိုင်ငံက ခေါင်းဆောင်တွေ မတက်တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

(၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တခြားသော မိတ်ဖက်နိုင်ငံများက ခေါင်းဆောင်များလည်း တက်ရောက်ကြပါတယ်။ ဒီအထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်ပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးက အပြန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဂျပန်နိုင်ငံကို ဝင်ရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်ကို ရောက်နေတဲ့ ပြည်ဖျက်မိစ္ဆာနီပိန်းတွေ က မြန်မာနိုင်ငံအတွက် အကူအညီတောင်းခံတဲ့ အိတ်ဖွင့်ပေးစာ သွားပေးတယ်လို့ ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာဖော်ပြလာကြတယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ ဖော်ပြချက်မှာ "အမေရိကန်သမ္မတအနေဖြင့် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက် ကြီးမားကျယ်ပြန့်လာနေသည့် အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းများ၊ မူးယစ်ဆေးဝါးတင်ပို့ဖြန့်ချိမှု၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ အရေးယူမှုပေးရန် တောင်းဆိုထားတယ်" လို့ ဖော်ပြထားတာကို တွေ့ရတော့ ရီချင်တယ် ကြည်ခင်ရယ်ပေါ့ဗျာ။

ကျားဖြန့်လုပ်ငန်းတွေက ဗိုလ်ချုပ်မှူးကြီးလက်ထက်မှာ ကျယ်ပြန့်လာတာ မဟုတ်ဘူးလေ။ NLD အစိုးရလက်ထက်မှာ အခြေပြုလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ဗိုလ်ချုပ်မှူးကြီး နိုင်ငံတာဝန်ယူတော့မှ နှိမ်နင်းရတဲ့ အခြေအနေမဟုတ်ပါလား။ မူးယစ်ဆေးဝါး တင်ပို့ဖြန့်ချိမှုက AA နဲ့ အပေါင်းအပါတွေ လုပ်နေတာလေ။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားတွေတောင် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရေး လုပ်နေကြတယ်မဟုတ်လား။

အဲဒါကြောင့် ပြောလိုတာက ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ တိုင်းဖျက်ပြည်ဖျက် သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို လက်ရှိအစိုးရက လုပ်နေသယောင် လုပ်ကြံဖန်တီးပြောဆိုတယ်။ တိုင်းပြည်အပေါ် ဖိအားပေးမှုတွေ များလာအောင် တောင်းဆိုတယ်။ တိုင်းပြည် ကမောက်ကမဖြစ်တော့ တပ်မတော်ကြောင့်လို့ လက်ညှိုးထိုးမှာလည်း သူတို့ပဲ။ ပြည်ပြေး ဝရမ်းပြေး တွေရဲ့ လုပ်ရပ်ဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် ကောင်းကျိုးဖြစ်စေလိုတဲ့ လုပ်ရပ်လား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် အတိဒုက္ခများအောင် လုပ်တဲ့ လုပ်ရပ်လား ဆိုတာက သိသာထင်ရှားပါတယ်ဗျာ။

နီပိန်းတွေရဲ့ တောင်းဆိုမှုကို သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ကတော့ အလေးထားလိမ့်မယ်လို့ မထင်ပါဘူး။ နီပိန်းများသည် ဒီမိုကရက်တွေရဲ့ လက်ပါးစေတွေဆိုတာကိုလည်း အမေရိကန် ခေါင်းဆောင် ဒေါ်နယ်ထရမ့်အနေနဲ့ လေ့လာသိရှိထားပြီး ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။ ၄၆ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဒေါ်နယ်ထရမ့် ရှုံးနိမ့်ခဲ့ရတဲ့ အခြေအနေနဲ့ မြန်မာပြည်မှာ NLD ပါတီက မဲလိမ်မဲခိုးမှုတွေ လုပ်လို့ တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်း ထိန်းသိမ်းလိုက်ရတယ်။ ဒေါ်နယ်ထရမ့်ကတော့ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်တဲ့ ဒီမိုကရက်တွေကို အနိုင်ပေးခဲ့ရတဲ့ ဖြစ်စဉ်မျိုးဖြစ်ခဲ့တဲ့ သင်ခန်းစာကလည်း ရှိနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ က အမေရိကန် ပထမပါ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အတိဒုက္ခရောက်အောင် လုပ်တဲ့ လူတွေကို လေးစားဖို့ ဝေးစွ။ အောက်တန်းစား ပြည်ဖျက်မိစ္ဆာတွေကို တံတွေးနဲ့တောင် လှည့်ထွေးမှာ မဟုတ်ပါဘူး။ 

ဂျပန်နိုင်ငံရောက် နီပိန်း ပြည်ဖျက်မိစ္ဆာတွေ ကတော့ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်ကို အိတ်ဖွင့်ပေးစာ ပေးလိုက်ရတယ်ဆိုပြီး ဂုဏ်ဆာဖို့ ခေါင်းစဉ်တစ်ခုရသွားသည်ပေါ့ဗျာ။ ဆက်ပြီး ကမ္ဘာပတ်လည် ရက်ရှစ်ဆယ်လောက် ခွက်ခေါက်လို့ ကောင်းသွားသည်ပေါ့။ ပြည်ပြေး ဝရမ်းပြေး NUG, CRPH အကြမ်းဖက်အဖွဲ့ဝင်များနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ပြည်ဖျက်မိစ္ဆာ နီပိန်းတွေမှာ NUG ဆိုတာကို ဇွတ်အတင်း တရားဝင်ဖြစ်ချင်တယ်။ တရားဝင် အစိုးရအဖွဲ့အစည်းက ပြည်သူလူထုကို ဒုက္ခပေးတဲ့ လုပ်ရပ်မျိုး မလုပ်ရဘူးဆိုတာတော့ သိပုံမပေါ်ဘူး။ သူတို့တွေသည် အစဉ်တစိုက် တိုင်းဖျက် ပြည်ဖျက်ပဲ လုပ်ခဲ့ကြသူတွေဆိုတော့ တိုင်းပြည်နဲ့ လူမျိုး ကောင်းရာကောင်းကျိုး ဖြစ်စေမယ့် အတွေးမျိုး သူတို့ခေါင်းထဲမှာ မရှိပါဘူး။ ယခု သမ္မတ ဒေါ်နယ်ထရမ့် လာတဲ့အချိန်မှာ ချိန်ကိုက် လုပ်ဆောင်ချက်ဟာလည်း ပြည်ဖျက်မိစ္ဆာ နည်းပိန်းတွေရဲ့ လုပ်ရိုးလုပ်စဉ် နည်းလမ်းဟောင်းကြီးတစ်ခုပါပဲ။ ဒါမျိုးအလုပ်တွေက သူတို့ ကျွမ်းကျင်ပိုင်နိုင်တဲ့ အလုပ်တွေပေါ့။

ဒီမိုကရေစီစံနှုန်းလေးတစ်ခုကို ထောက်ထားပြီး ပြောရရင် "လူတိုင်းတွင် အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တများလွန်ကဲပြီး စိတ်ထင်တိုင်းပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေခံကြရမည်။ နိုင်ငံသားများ၏ အကျိုးကိုမငဲ့ မျက်ကွယ်ပြု ဆောင်ရွက်လုပ်ကိုင်မည်ဆိုလျှင်လွတ်လပ်ပြီးတရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည် ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ် တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည်။" လို့ ဆိုထားပါတယ်။

နီပိန်းတွေက လွန်ကဲတဲ့ အတ္တနဲ့ အာဏာသက်ဆိုးရှည်ဖို့ မဲလိမ်မဲခိုးမှုတွေကို ဂရင်းနစ်စံချိန်တင်အောင် ကျူးလွန်းခဲ့ပြီး သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေိကို လိမ်ညာဖုံးကွယ်ကာ နိုင်ငံတကာမှာ တွေ့သမျှဘောကို လိုက်မနေရတဲ့ အမျိုးယုတ်တွေ ဖြစ်နေပါပြီ။ အခုလည်း အမေရိကန်သမ္မတရဲ့ ဘောကို ခါတော်မှီ အပြေးအလွှား မကြတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဒီမိုကရက်တွေရဲ့ လက်ပါးစေ နီပိန်းတွေဟာ ဒေါ်နယ်ထရမ့်ရဲ့ မျက်နှာပေးမှုများ ရလေမလားလို့ ဒေါ်နယ်ထရမ့် ဘောကို ပြေးငုံခြင်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဆိုသူက အမေရိကန် ပထမဆိုတဲ့ မျိုးချစ်ကြီးပါ။ အမျိုးယုတ်တွေရဲ့ သဘောထားကို သိနှင့်ပြီးသား ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါလိမ့်မယ်။ ဂျပန် ရောက် မြန်မာနိုင်ငံသား နီပိန်း အမျိုးယုတ်တွေ ပြာယာခတ်နေတာကို ရီချင်တယ် ကြည်ခင်ရယ်လို့များ ပြောသွားလေသလားပေါ့။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)