ဟုတ်လေသလား၊ ဟုတ်မှ ဟုတ်ရဲ့လား။ ပြည်ဖျက်မီဒီယာများဆိုသည်မှာလည်း တစ်စိတ်ကို တစ်အိတ်လုပ်တတ်တဲ့ ဗရမ်းဗတာတွေ ဆိုတော့လေ။ သို့သော်လည်း ပြည်ပြေး ဝရမ်းပြေး သာလွန်ဇောင်းထက် ရဲ့ ခေတ်ပျက်မီဒီယာ က "မြေပြင်စစ်ကြောင်းထိုးမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကို နှစ်ဆ အရှိန်မြှင့်တင်ရန် ကျော်စွာလင်း ခေါင်းဆောင်သော JOC အစည်းအဝေးက ဆုံးဖြတ်" ဆိုပြီး ခေါင်းစဉ်တပ် ရေးသားထားတာကို တွေ့ရလို့ ရယ်မောမိပါတယ်။ တုန်လှုပ်ခြောက်ခြားနေပြီလားလို့လည်း မေးချင်မိပါတယ်။
မင်းတို့တွေက ကျည်လွတ်မြေကနေ ပေါက်ပန်းစေးတွေ ရေးသား ပြောဆိုလှုံ့ဆော်ပြီး ပြည်တွင်းက လူငယ်တွေကို သေကြောင်း မကြံသင့်ဘူး။ မင်းတို့တွေသာ နီပိန်းတွေကို စာနာတတ်မယ်ဆိုရင်ပေါ့။ မင်းတို့တွေ ပေါက်ပန်းစေးတွေ ရေးသား ပြောဆိုလှုံ့ဆော်ပြီး နီပိန်း ငမိုက်သားတွေကို မိုက်လုံးထွားအောင် လုပ်နေတာ။ မင်းတို့တွေ အနေနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်တွေကို ဖြောင့်ဖျနိုင်စွမ်း ရှိပါတယ်။ ကိုယ်ချင်းစာတရား ထားတတ်မယ်ဆိုရင်ပေါ့။
"နီပိန်း ညီငယ်၊ ညီမငယ်တို့ အကိုတို့က ကျည်လွတ်မြေကို ရောက်အောင်ပြေးပြီးမှ တပ်မတော်ဆန့်ကျင်ရေး လုပ်ခြင်းဖြစ်တယ်။ ပြည်ပနိုင်ငံတွေက ပေးတဲ့ အထောက်အပံ့ကို လုပ်ခြင်း ဖြစ်ပါတယ်။ ညီငယ်၊ ညီမငယ်တို့ အနေနဲ့ မိုက်တွင်း မနက်ကြပါနဲ့တော့၊ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အလုပ်တွေ မလုပ်ကြပါနဲ့တော့။" ဒါမျိုးလေး မင်းတို့ မီဒီယာတွေကနေ ရေးသားဖော်ပြလိုက်မယ်ဆိုရင်ကို နီပိန်း လူငယ်တွေ အသိတရားရသွားမှာပါ။ မင်းတို့ရဲ့ နိုင်ငံရေးလုပ်စားနည်းကိုလည်း သဘောပေါက်သွားကြမှာ ဖြစ်ပါတယ်။ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ခဲ့မိတာတွေကိုလည်း နောင်တရသွားကြမှာ ဖြစ်ပါတယ်။
မင်းတို့ ပြည်ဖျက်မီဒီယာကကောင်တွေလည်း အဲဒီလို စကားမျိုး မဟရဲဘူး။ အမေရိကန်ကို ပြေးတဲ့ ၈၈ ပွင့်လင်းက ခေါကြီး ဆိုတဲ့ကောင် လူငယ်တွေကို သေတွင်းထဲ တွန့်ပို့တဲ့ လှုံ့ဆော်မှုမျိုးကိုတော့ လုပ်တတ်ပြီး လူငယ်တွေ ဘေးအန္တရာယ် ကင်းစေမယ့် စကားမျိုး ပြောဖို့ကြရင် ခေါကြီး ပါးစပ်က စွံ့အနေသလား။ မင်းတို့တွေ စာနာတတ်ဖို့ လိုတယ်။ ဒီလူငယ်တွေသည်လည်း မင်းတို့လိုပဲ ဘေးကင်းဖို့ လိုတယ် မဟုတ်လား။
ခွေးဝဲစား သာလွန်ဇောင်းထက် ရေးထားတဲ့ သတင်းမှာ "အကြမ်းဖက်စစ်တပ်က က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် စစ်ဆင်ရေးဆိုင်ရာ JOC အထူးအစည်း အဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုအောက်တိုဘာလ လဆန်းပိုင်းအတွင်း စစ်တပ်၏ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော Joint Operations Command အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ လေကြောင်းတိုက်ခိုက်မှုများသည် ယခင်ထက် ၂ ဆ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြေပြင်တွင်လည်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း၊ လပိုင်းအတွင်း အမြန်ဆုံး သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။" ဆိုပြီး ရေးတယ်ဗျ။
Joint Operations Command အစည်းအဝေး အဲဒီလို ဆုံးဖြတ်ခြင်း ရှိချင်မှ ရှိမယ်။ ခွေးဝဲစား သာလွန်ဇောင်းထက်တို့က အမြဲတမ်း သတင်းတွေကို စိတ်ကူးနဲ့ ဖန်တီးရေးသားနေကျ ဆိုတော့ ထင်ရာ မြင်ရာ ဖန်တီးရေးသားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သို့သော် အကြမ်းဖက်နှိမ်နင်းရေး ကတော့ တပ်မတော်အနေနဲ့က ငဲ့ညှာထောက်ထားပြီး အချိန်စွဲခဲ့တယ်။ လမ်းမှားကို ရောက်နေတဲ့ လူငယ်လူရွယ်တွေ အတိဒုက္ခမရောက်စေဖို့ ဥပဒေဘောင်အတွင်း ဝင်ရောက်ကြရန် အကြိမ်ကြိမ် အခါခါ ဖိတ်ခေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီထက် သဘောကောင်းတဲ့ တပ်မတော်တော့ မရှိတော့ဘူးလို့ ထင်ပါတယ်။
KIA, KNU အကြမ်းဖက်အဖွဲ့တွေရဲ့ ကြိုးကိုင်မှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆိုးဆုံးအခြေအနေအထိ လုပ်ဆောင်လာတဲ့ အကြမ်းဖက်အဖွဲ့တွေကို ဘယ်လိုနှိမ်နင်းသင့်တယ်ဆိုတာကို စစ်ဘက်က လူတွေကို မပြောသေးဘူး။ စစ်ရေးစစ်ရာနဲ့ ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးတဲ့ အရပ်ဘက်က လူတွေ၊ တချို့ ဆရာတော် သံဃာတော်တွေကပါ မချိတင်ကဲဖြစ်ပြီး ပြောခဲ့ကြသည်အထိပေါ့။ သို့သော် တပ်မတော်က မလုပ်ပါဘူး။
တပ်မတော်က မလုပ်လေ အကြမ်းဖက်သမားက ပိုဆိုးလာလေ။ တပ်မတော်ရဲ့ အပြုသဘောဆန်တဲ့ သဘောထား ရပ်တည်ချက်အပေါ် လူငယ်တွေ အထင်အမြင်လွဲအောင် ပြည်ဖျက်မီဒီယာတွေက လုပ်ကြံဖန်တီးရေးသားမှုတွေနဲ့ နီပိန်းတွေကြားကို ဖြန့်ဝေတယ်။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့က အာချောင်သူများကလည်း ပေါက်ပန်းစေးတွေကို ရွှန်းရွှန်းဝေ ပြောတယ်။ နီပိန်း လူငယ်၊ လူရွယ်တွေမှာလည်း KIA အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) က အကြမ်းဖက် သောင်းကျန်းသူများနဲ့ ဆက်စပ်လာတဲ့ အခါကြတော့ မူးယစ်ဆေးရဲ့ သားကောင်တွေ ဖြစ်လာကြတယ်။ ဆင်ခြင်တုံတရား မရှိတော့ဘဲ အသုံးချခံ အကြမ်းဖက်သမားများ အဖြစ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ကြတယ်။
ခွေးဝဲစား သာလွန်ဇောင်းထက် ရဲ့ သတင်းမှာ "စစ်ရုံးမှာ နေ့စဉ် လုပ်နေတဲ့ JOC- Joint Operations Command အစည်း အဝေးတွေက ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဦးစီးပါတယ်။ ပွင့်လင်းရာသီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ဆင်ရေးတွေ နှစ်ဆ တိုးမြှင့်ဖို့ ဆုံးဖြတ်ထားပြီ။ ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်သမျှ မြို့တွေ ပြန်သိမ်းမယ့် စစ်ရေး စီမံချက်တွေ စလုပ်နေပြီ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုတယ် ဆိုပြီး ဖော်ပြထားတာမျိုး တွေ့ရပါတယ်။ Joint Operations Command အစည်းအဝေး က ပြောသည် ဖြစ်စေ၊ မပြောသည် ဖြစ်စေ လက်ရှိ မြေပြင်မှာ စစ်ဆင်ရေး ဆောင်ရွက်နေမှု အခြေအနေက အကြမ်းဖက်နှိမ်နင်းရေး အလေးထား ဆောင်ရွက်လာတဲ့ အခြေအနေကို သိမြင်နားလည်ကြရမှာ ဖြစ်ပါတယ်။
ယခင်က KIA, PDF, KNU, KNLA, KNPP, KNDF, MNDAA, TNLA, AA အစရှိသော အကြမ်းဖက်အဖွဲ့များက ဘယ်မြို့ဘယ်ရွာကို သိမ်းတော့မှာ၊ ဘယ်စခန်းကို သိမ်းလိုက်ပါပြီ ဆိုတဲ့ သတင်းတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ အာချောင်ခဲ့ကြတယ် မဟုတ်လား။ အခု အခြေအနေကတော့ ဘယ်မြို့ဘယ်ရွာကိုမှ အကြမ်းဖက်အဖွဲ့များက မသိမ်းနိုင်တော့ဘူး။ အကြမ်းဖက်အဖွဲ့ ရောက်ရာ မြို့ရွာတိုင်းမှာ ဒေသခံပြည်သူလူထု အတိဒုက္ခရောက်ရတယ်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေက ပြည်သူလူထုကို လက်နက်နဲ့ အနိုင်ကျင့်ပြီး သူခိုး၊ ဓားမြ၊ လူရမ်းကားတွေလို ပြုမူလာတာကို ပြည်သူများက သိမြင်လာတယ်။ မခံမရပ်နိုင်အောင် ဖြစ်လာကြတယ်။
ဒါတွေကို ဘယ်သူက ရှင်းပေးမှာလဲ။ တပ်မတော်ကမှ မရှင်းပေးနိုင်ရင် ပြည်သူများဟာ အကြမ်းဖက်အဖွဲ့များရဲ့ လက်အောက်မှာ ပြုသမျှ နုရတော့မယ့် အခြေအနေကို ရောက်ရှိခဲ့တယ် မဟုတ်ပါလား။
ခေတ်ပျက်မီဒီယာ မှာ CDM ဗိုလ်ကြီးဇင်ယော် ဆိုတဲ့ ကောင်ကလည်း ဝင်ပြီး အာချောင်ထားတာကို အခုလို တွေ့မြင်ရပါသေးတယ်။ သစ္စဖောက် ဗိုလ်ကြီးဇင်ယောက် ဆိုတဲ့ ကောင် ပြောတာက "အဓိကကတော့ လေကြောင်း အရေးသာမှုဆိုတဲ့ စစ်ရေးအားသာချက်ကိုလည်း ယူတာ။ (စက်တပ်လေထီး) ပါရာမော်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေက မောင်းတဲ့ လူတွေက လေသူရဲတွေလိုမျိုး စနစ်တကျမွေးထုတ်ထားရတာ မဟုတ်ဘူး။ ရက်တိုသင်တန်းပေးပြီး ကောက်မောင်းပြီး တက်ကြရသလို။ အဲဒီလိုမျိုးဆိုတော့ လူအရင်းအမြစ် ငွေကြေးအရင်းအမြစ်ရော အချိန်အရင်းအမြစ်ရော ချုံ့ပြီးတော့ လေကြောင်းကနေ ကွက်ပစ်အရေးသာတဲ့ ပုံစံမျိုး လုပ်လာတာပေါ့။ သူတို့မှာ ကန့်သတ်ချက်တော့ရှိတယ်။မြေပြင်ကနေ လက်နက်ငယ်နဲ့ ပြန်ပြီးတော့ ပစ်ခတ်ရင် ထိရောက်မှုရှိတယ်။ စက်လက်တို့ စက်သေနတ်ကြီးတို့နဲ့ ပစ်မယ်ဆို သူတို့အတွက် ရှောင်တိမ်းချိန်အခွင့်အရေးနည်းပါးတယ်။ သို့ပေမယ့် လက်နက် ကောင်းကောင်းမွန်မွန်မရှိတဲ့ ပြည်သူလူထု အခြေပြုတာများတဲ့ နေရာတွေကို ဒီလိုမျိုး တန်ဖိုးနည်းအဖွဲ့တွေ၊ တန်ဖိုးနည်း စက်တပ်လေထီးတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လုပ်ချင်တဲ့ သဘောမျိုးပေါ့။ လေကြောင်းအရေးသာမှုကို နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းလိုက်တဲ့ ပုံစံမျိုးလို့ ပြောရမှာ ဖြစ်ပါတယ်" လို့ ပြောတယ်။
အင်မတန် ဖာကျတဲ့ သစ္စာဖောက်လို့ ပြောရမှာ ဖြစ်ပါတယ်။ သူပြောပုံက တပ်မတော်ကပဲ လက်နက်မဲ့ ပြည်သူတွေကို လုပ်နေသလိုလို ပြည်ဖျက်မိစ္ဆာတွေရဲ့ အာဘော်ကိုလိုက်ပြီး ပြောခြင်းမျိုး ဖြစ်ပါတယ်။ စစ်တပ်က လက်နက်မဲ့ပြည်သူကို လိုက်လုပ်နေမှဖြင့် မြန်မာနိုင်ငံအဝှမ်း လက်နက်မဲ့ ပြည်သူတွေ နေစရာတောင် ရှိမှာ မဟုတ်ဘူး။ အဲဒီ လက်နက်မဲ့ ပြည်သူတွေကို မနေ့တနေ့ကမှ လက်နက်ကိုင်ပြီး စိတ်ကြီးဝင်နေတဲ့ NUG, CRPH က ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လက်ပါးစေတွေက နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေလို့ လိုက်ရှင်းနေရတာလေကွာ။ နီပိန်း အကြမ်းဖက်သမားတွေကို ရှင်းတာလို့ ပြောရမှာ။ ပြည်သူက လက်နက်ကိုင်မထားဘူး။ လက်နက်ကိုင်ပြီး ပြည်သူလူထုအပေါ် လက်နက်နဲ့ အနိုင်ကျင့် စော်ကားချင်တဲ့ ကောင်တွေကိုလည်း ပြည်သူလို့ မပြောရဘူး။ အကြမ်းဖက်သမားက အကြမ်းဖက်သမားပေါ့။ ပြည်သူထဲက လက်နက်ကိုင်ထားပြီဆိုရင်လည်း အဲဒါ သာမာန်ပြည်သူ မဟုတ်တော့ဘူး။ အကြမ်းဖက်သမား စာရင်းထဲ ရောက်သွားတာပဲ။ ဒါလေးတွေ သိဖို့ပြောတာပါ။
ခွေးဝဲစား သာလွန်ဇောင်းထက် ရဲ့ ခေတ်ပျက်မီဒီယာကနေ ဒီလို သတင်းမျိုး ရေးသားလာတော့ ယခင်ကဆိုရင် နီပိန်း ပဒက်လေးတွေ ကြောက်ချီးပန်းစေမယ့် သတင်းမျိုးဆို မရေးပါဘူး။ ဒါကလည်း အထူးအဆန်း ဖြစ်နေတယ်။ ဘာကြောင့် ဒါမျိုးသတင်းတွေ ရေးသားဖော်ပြလာသလဲဆိုရင် အရေးမလှတော့ဘူး။ KNU ဦးဆောင်တဲ့ နေရမှာလည်း ဂုဏ်ဆာလို့ မရတော့တဲ့ အခြေအနေ၊ KIA လက်အောက် ရောက်သွားတဲ့ နီပိန်းပဒက်တွေလည်း အသေဆိုးနဲ့ သေ။ MNDAA, TNLA, AA တို့ကို အားကိုးပြီး လော်ဘီလုပ်ပေးခဲ့ရတာလည်း လုပ်မောကြီး ဖြစ်သွားတဲ့ အခြေအနေမှာ ခွက်ခေါက်တော်လှန်ရေးဟာ ခွက်ပျောက်ဖို့ နီးလာပြီ။
ခွက်ခေါက်တွေကလည်း တော်လှန်ရေးကို အကြောင်းပြပြီးတော့သာ ကမ္ဘာပတ် အလှူခံနေကြပေမယ့် ငှက်ကင် ပရောဂျက် က ရသမျှကိုလည်း ခိုး၊ ကြက်ကင် ပရောဂျက် က ရတဲ့ငွေလည်း ခိုး၊ ပြီးရင် သူခိုးအချင်းချင်း ပြဿနာတက်နေတာနဲ့ပဲ နီပိန်းလေးတွေမှာ ပဒက်ကင် အဖြစ်နဲ့ ဘဝဆုံးရတာပဲ အဖတ်တင်တယ်။
ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေတောင် တုန်လှုပ်ချောက်ခြားမှုတွေကို ထင်ထင်ပေါ်ပေါ် ပြသလာတဲ့ အခြေအနေမှာ နီပိန်း ပဒက်လေးတွေက အသေမဦးမီ ဉာဏ်ဦးဖို့ လိုပါသည်။ လူသားအရင်းအမြစ်များ မဆုံးရှုံးစေဖို့ လမ်းမှားရောက်ခဲ့တဲ့ လူငယ်လူရွယ်တွေ ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ အစဉ်သဖြင့် ဖိတ်ခေါ်နေတာကို အလေးထားပြီး လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို စွန့် ကြပါတော့လို့ အကြံပြုတိုက်တွန်းရင်းဖြင့် -
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost

No comments:
Post a Comment