အောက်တိုဘာ - ၈ ( ဗုဒ္ဓဟူးနေ့ )
ပြင်သစ်ဝန်ကြီးချုပ်ဟောင်း အက်ဒွက် ဖီလစ်ပီ က ပြင်သစ်သမ္မတ အမ်မာနျူရယ် မာခရွန်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တနင်္လာနေ့က ဆီဘက်ရှန် လီကော်နူး သည် မာခရွန်အစိုးရ လက်ထက် နှစ်နှစ်အတွင်း ရာထူးမှနုတ်ထွက်ခဲ့ရတဲ့ ပဉ္စမမြောက် ပြင်သစ်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့အသစ် ပြန်ဖွဲ့တယ်ဆိုပြီး နာရီအနည်းငယ်အကြာတွင် ရာထူးမှ နုတ်ထွက်ခဲ့ပါတယ်။
၂၀၁၇ အာဏာရလာကတည်းက မာခရွန်အစိုးရအဖွဲ့မှာ အက်ဒွက်ဖိလစ် ( ၂၀၂၀ ဇူလိုင် )၊ ဂျင်ကတ်စ်တက် (၂၀၂၂ ဧပြီ )၊ အဲလစ္စဘတ်ဘောနေး (၂၀၂၄ ဇန်နဝါရီ )၊ ဂါဘရယ် အက်တယ် (၂၀၂၄ ဇူလိုင် )၊ မစ်ချယ် ဘာနီယာ (၂၀၂၄ ဒီဇင်ဘာ )၊ ဖရန်ဆွာဘေရူး ( ၂၀၂၅ စက်တင်ဘာ ) အပါအဝင် ဝန်ကြီးချုပ် ခုနစ်ဦး နှုတ်ထွက်ခဲ့ရပါတယ်။ လီကော်နူး ရဲ့ ယခုအပတ် နုတ်ထွက်မှုသည် နောက်ဆုံးဖြစ်ပါတယ်။ နိုင်ငံရဲ့ မြင့်တက်လာနေတဲ့ ကြွေးမြီများကို တားဆီးရန် ရည်ရွယ်တဲ့ ဘတ်ဂျက်ကို အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း ကွဲလွဲမှုများ ဖြစ်ပေါ်နေပါတယ်။
ဖီလစ်ပီက ဘတ်ဂျက်အတည်ပြုပြီးလို့ သမ္မတရွေးကောက်ပွဲကို ကြေညာပြီးတာနဲ့ မာခရွန် က သမ္မတရာထူး ကနေ နှုတ်ထွက်သင့်ပါတယ် လို့ ပြောသွားပါတယ်။ “ကျနော်က သူ့ကို ချက်ချင်း ရက်စက်ကြမ်းကြုတ်စွာ နုတ်ထွက်ဖို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘာကြောင့်လဲ ဆိုတာ သမ္မတ သိပါတယ်ဗျာ” လို့ပြောသွားပါတယ်။
ဖစ်လစ်ပီ က မာခရွန်သည် သူ့ရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်ခန့်အပ်ဖို့ လုပ်တဲ့နေရာမှာ စပ်စပ်စုစုတွေ သိပ်လုပ်ကြောင်း၊ ၂၀၂၄ ဇွန်လ တုန်းက အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန် ဆုံးဖြတ်တာက မှားကြောင်း၊ ပါလီမန်ရွေးကောက်ပွဲများတွင် သူ့ရဲ့ ညွန့်ပေါင်းအဖွဲ့ ရှုံးနိမ့်မှုကြောင့် လှုံ့ဆော်မှုအား ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ရကြောင်း၊ ပါလီမန်ကို ရပ်ဆိုင်းထားတာက ဥပဒေပြုရေးလုပ်ငန်းများကို ရပ်တန့်စေခဲ့ကြောင်း ပြောသွားပါတယ်။
မာခရွန်ရဲ့ အစိုးရအဖွဲ့မှာ ဖစ်လစ်ပီက တာဝန်ထမ်းမှုအရှည်ဆုံး ၀န်ကြီးချုပ်ဖြစ်ပါတယ်။ ၎င်း၏ ရာထူးသက်တမ်းအတွင်း အလုပ်သမားနှင့် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြီးကြပ်ခဲ့ပါတယ်။ ၂၀၁၈ နောက်ပိုင်းမှာ အငြင်းပွားဖွယ် လောင်စာဆီခွန် တိုးမြှင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကို စီမံခန့်ခွဲခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment