ပြဿနာတွေ မဖန်တီးပါနဲ့ (ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ က နိုင်ငံရေးပြဿနာဖန်တီးတဲ့ မီးထွန်းပွဲ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြဿနာတွေ မဖန်တီးပါနဲ့ (ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ က နိုင်ငံရေးပြဿနာဖန်တီးတဲ့ မီးထွန်းပွဲ)


၂၀၂၁ ခုနှစ် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်ကစလို့ NLD ပါတီ ဦးဆောင်သူတွေနဲ့ ဂျော့ဆိုးရော့ရဲ့ လက်ပါးစေ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း တို့က ဦးဆောင်ပြီး ဆူပူအကြမ်းဖက်မှုတွေ ဖန်တီးခဲ့ကြတာ အားလုံးအသိပါ။ ပြည်သူလူထုကြားမှာ အကြောက်တရားတွေ ဖြစ်ပေါ်လာစေဖို့ အကြမ်းဖက်လုပ်ရပ်တွေ ဖန်တီးလုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဂျင်မီ ကိုယ်တိုင်က ဝန်ခံပြေဆိုခဲ့ပါတယ်။ NLD လွှတ်တော်အမတ်ဟောင်း မောင်ကျော် (ခ) ဇေယျာသော်က ရန်ကုန်မြို့မှာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို သူနဲ့အတူ ဒေဝ (ခ) ဒီငြိမ်းလင်း တို့ ဦးဆောင်ပြီး လုပ်ခဲ့ကြောင်းကို ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ဂျင်မီ နဲ့ ဖြိုးဇေယျာသော် တို့ ဦးဆောင်ပြီး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ခဲ့ရာမှာ အပြစ်မဲ့ ပြည်သူပေါင်း ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ကြတယ်။ သူတို့ရဲ့ ပြစ်မှုအတွက် သူတို့ ဝန်ခံထွက်ဆိုသွားခဲ့ပါတယ်။ 

ဖြိုးဇေယျာသော် နဲ့ လက်တွဲပြီး အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်ရာမှာ အဓိက စေခိုင်းသူတစ်ဦးဖြစ်တဲ့ ဒေဝ (ခ) ဒီငြိမ်းလင်း တို့အဖွဲ့ဟာ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပါတယ်။ 

ဒီကာလတလျောက် NLD, ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်း တို့ ပူးပေါင်းပြီး ဖွဲ့စည်းလိုက်တဲ့ CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ပြန်ကြည့်ရင် ဘာသာရေး၊ လူမျိုးရေးပြဿနာတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့ကြတယ်ဆိုတာကလည်း ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ CRHP, NUG အကြမ်းဖက်အဖွဲ့များရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များဟာ လူမျိုးရေး၊ ဘာသာရေး ပြဿနာဖန်တီးလိုတဲ့ KNU, KIA, KNPP အစရှိသော လက်နက်ကိုင်သောင်းကျန်းသူတွေနဲ့ အဓိက လက်တွဲပြီး လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖန်တီးပြီး တည်ငြိမ်အေးချမ်းမှုကင်းမဲ့ပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ကြီးထွားလာအောင် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရက အများပြည်သူ အေးချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်တဲ့ အစီအစဉ်မှန်သမျှကို အနှောက်အယှက်ပေးခဲ့တာ ဖြစ်ပါတယ်။ သာဓကအားဖြင့် ရန်ကုန်မြို့ပေါ်မှာ ကိုဗစ်ကာလ ပြီးလို့ ဘုရားစေတီတွေကို အများပြည်သူ ဖူးမျှော်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးလိုက်တဲ့အချိန်မှာ တိုင်းပြည်အမှောင်ကျနေလို့ ဘုရားဖူးခွင့် ပိတ်သည်ဆိုတဲ့ စာသားတွေ ရွှေတိဂုံဘုရားဝင်ပေါက်မှာ နီပိန်းတွေက လိုက်ကပ်တာကို မြင်တွေ့ခဲ့ရတယ်။ တိုင်းပြည်က အမှောင်ကျနေတာ မဟုတ်ဘူး။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ လက်ပါးစေ နီပိန်းတွေက တိုင်းပြည်အမှောင်ကျအောင်၊ ပြည်သူတွေ အလင်းမရအောင် လုပ်ခဲ့တာ ဖြစ်ပါတယ်။

ပိုပြီး သိသာအောင် အထူးပြုပြီး ပြောလိုပါသေးတယ်။ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်လိုတဲ့ KNU, KIA လို လက်နက်ကိုင်သောင်းကျန်းသူတွေရဲ့ လက်ပါးစေ ဖြစ်ခဲ့ရတဲ့ နီပိန်း PDF အကြမ်းဖက်သမားတွေမှာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း သောင်းနဲ့ချီပြီး သတ်ခဲ့ကြတယ်။ အဲဒီအထဲမှာ သံဃာတော် အပါး တစ်ရာကျော် နဲ့ သီလရှင်များကိုလည်း အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် နီပိန်းတွေဟာ KNU, KIA ရဲ့ အလိုကျ ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ ထိပါး စော်ကားခဲ့ကြတယ်။ ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့က လှုံ့ဆော်သူတွေသည်လည်း သူတို့ကို အားပေးထောက်ခံခြင်း မရှိတဲ့ ဆရာတော်သံဃာတော်များကို ပြစ်မှတ်ထား သတ်ဖြတ်မှုတွေ ဖြစ်အောင် လှုံ့ဆော်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်တွင်းမှာ လှုပ်ရှားတဲ့ နီပိန်း အကြမ်းဖက်သမားတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခါကြီး ရက်ကြီးတွေမှာ အများပြည်သူ အေးချမ်းစွာ ပျော်ရွှင်ခွင့်မရအောင် နည်းမျိုးစုံနဲ့ အနှောက်အယှက်ပေးခဲ့ကြပါတယ်။ သင်္ကြန်လို အခါကြီး ရက်ကြီးမှာတောင် နီပိန်းတွေဟာ အများပြည်သူကြား အကြောက်တရားတွေ ဖြစ်အောင် ဗုံးခွဲတိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ် မဟုတ်ပါလား။ ဒီလုပ်ရပ်တွေဟာ KNU အကြမ်းဖက်အဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန်တွေ ဖြစ်ပါတယ်။ အခုတော့ နီပိန်း အကြမ်းဖက်သမားတွေက တာဝန်ယူပြီး အများပြည်သူကို ခြောက်လှန့်တဲ့ အလုပ်တွေ လုပ်နေကြပြီ။

သို့သော် CRPH, NUG နဲ့ နီပိန်း အကြမ်းဖက်အဖွဲ့အစည်းများဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ အခါကြီး ရက်ကြီးတွေမှာ အဖျက်အမှောင့်တွေ လုပ်နေကြပေမယ့် ခရစ်ယာန်တွေရဲ့ ဘာသာရေးအထိမ်းအမှတ်အခမ်းအနား၊ မွတ်စလင်တွေရဲ့ ဘာသာရေးအထိမ်းအမှတ် အခမ်းအနားတွေကို နှောက်ယှက်တာမျိုး မရှိတဲ့ အပြင် သဝဏ်လွှာတွေ ပေးပို့တာကို ကြည့်ခြင်းအားဖြင့် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေဟာ ခရစ်ယာန်တွေရဲ့ အကူအညီ၊ မွတ်စလင်တွေရဲ့ အကူအညီနဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို တာဝန်ခံပြီး ဖျက်ဆီးတဲ့ အဖွဲ့အစည်းတွေ ဖြစ်လာတာကို သိသာစေပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့ သူတို့ရဲ့ လက်ပါးစေ နီပိန်းတွေဟာ သူတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်အဖြစ် အမည်ခံထားတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။ သို့သော် နိုင်ငံရေးအစွန်းရောက်စိတ်၊ ကိုယ်ကျိုးမျှော်ပြီး လုပ်တဲ့ အစွန်းရောက် အကြမ်းဖက်လှုပ်ရှားမှုမှာ ခရစ်ယာန်၊ မွတ်စလင်တွေရဲ့ နောက်ကွယ်က အကူအညီရနေတာ ဖြစ်တဲ့အတွက် အကြမ်းဖက်လုပ်ရပ်တွေကို အစွမ်းကုန် လုပ်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း BBC အပါအဝင် ပြည်ဖျက်မီဒီယာတွေမှာ လောင်နေတဲ့ ကိစ္စက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲနေရာ ဗုံးကြဲခံရမှုမှာ သေဆုံးသူ ၂၄ ဦးနဲ့ ဒဏ်ရာရရှိသူဦးရေ ၄၀ ကျော်ရှိနေတယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့အတွက် အာချောင်ဖို့ ခေါင်းစဉ်တစ်ခု ရသွားတဲ့သဘောဖြစ်ပါတယ်။ 

အခုလို ဘာကြောင့်ဖြစ်ရလဲ။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ရဲ့ စနက်မကင်းဘူးလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ ကောလင်းမြို့ ဖြစ်စဉ်ကို ပြန်ကြည့်ရင် KIA, PDF အကြမ်းဖက်အဖွဲ့တွေက ကောလင်းမြို့သိမ်းတိုက်ပွဲဆိုပြီး တိုက်ခိုက်ခဲ့ကြတယ်။ ရက်ပိုင်းမျှ အကြမ်းဖက်သမား ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့တယ်။ အဲဒီမှာ ချက်ချင်းလက်ငင်းပဲ NUG အကြမ်းဖက်အဖွဲ့ နွေရူးဘဏ်ဖွင့်တယ်ဆိုပြီး ပြည်ဖျက်မီဒီယာတွေကနေ ဝေဝေဆာဆာ သတင်းထုတ်ပြန်လာတဲ့အချိန်မှာ တပ်မတော်က ပြတ်ပြတ်သားသား ရှင်းထုတ်ခဲ့ရပါတယ်။ ထိုနည်းတူစွာပဲ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာလည်း NUG အကြမ်းဖက်အဖွဲ့ရဲ့ ရုံးဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ရုံးလို့ သတင်းကြားသိရချိန်မှာ တပ်မတော်က ရှင်းလင်းလိုက်တဲ့အခါကြတော့ တပ်မတော်ရဲ့ ရှင်းလင်းဆောင်ရွက်မှုနဲ့ NUG အကြမ်းဖက်အဖွဲ့ရုံးထဲမှာ ရှိနေတဲ့ လက်နက်ခဲယမ်းတွေ ပေါက်ကွဲလို့ နီပိန်းတွေ အသေဆိုးနဲ့ သေကြရတာပဲ မဟုတ်ပါလား။

ပြောလိုတာက စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲ ဆိုတာလည်း ဒေသခံပြည်သူတွေက အေးချမ်းစွာ စီမံဆောင်ရွက်တဲ့ ကိစ္စမဟုတ်ပါဘူး။ NUG အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF တွေက လာရောက်ဦးဆောင်ပြီး ဘာသာရေးပွဲကို နိုင်ငံရေးအမြတ်ထုတ်လိုခြင်းကြောင့် အခုလို ဖြစ်ခဲ့ရတာလို့ပဲ ဆိုချင်ပါတယ်။

ဒီနှစ် သီတင်းကျွတ်လပြည့်အခါသမယ နေပြည်တော်မှာမှ မဟုတ်ပါဘူး။ အနယ်နယ်အရပ်ရပ်မှာ ထူးထူးခြားခြား အခမ်းအနားတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ဘယ်နေရာမှာမှ ပြဿနာမပေါ်ပေါက်ခဲ့ပါဘူး။ PDF အကြမ်းဖက်သမားတွေ ဦးဆောင်ပြီး ဘာသာရေးအခမ်းအနားကို နိုင်ငံရေးအမြတ်ထုတ်ဖို့ လုပ်ဆောင်တဲ့ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာက သီတင်းကျွတ်လပြည့်ည ဆီမီးထွန်းပွဲ နေရာမှာ ပြဿနာပေါ်ပေါက်ခဲ့ရခြင်းကို ကြည့်ခြင်းအားဖြင့် အဖြေက ရှင်းနေပါလိမ့်မယ်။

အစိုးရအနေနဲ့က ပြည်သူများအားလုံးကို ဘာသာရေးရဲ့ အဆုံးအမနဲ့ အေးချမ်းပျော်ရွှင်စွာ နေထိုင်ကြစေလိုတယ်။ အေးချမ်းစွာ ပျော်ရွှင်နိုင်ဖို့ ပွဲလမ်းသဘင်တွေလည်း ဖန်တီးပေးတယ်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ဈေးရောင်းပွဲတော်ကျင်းပပေးခဲ့တယ်။ အလားတူ ပဲခူး၊ မကွေး အစရှိတဲ့နေရာတွေမှာလည်း သီတင်းကျွတ်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ နေပြည်တော်၊ ပျဉ်းမနားမှာဆိုရင် မလှည့်ဖြစ်တာ ကြာပြီဖြစ်တဲ့ နှစ်ကျိတ်ရှစ်ဆူဘုရားပွဲနဲ့အတူ နိုင်ငံကျော် အဆိုတော် အမြောက်အများ လာရောက်ဖျော်ဖြေကြတာကို တွေ့မြင်ရပါတယ်။

ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဖြစ်ခဲ့တဲ့ အဖြစ်မျိုး မဖြစ်အောင်ဆိုရင် CRPH, NUG အကြမ်းဖက်အဖွဲ့များက ဘာသာရေးပွဲကို နိုင်ငံရေးအမြတ်ထုတ်လိုတာမျိုး မလုပ်ဖို့ လိုပါတယ်။ ဒီကိစ္စအပေါ်မှာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးဖြန့်ဝေနေကြတဲ့ BBC အပါအဝင် ပြည်ဖျက်မီဒီယာများအနေနဲ့က CRPH, NUG က ကောင်တွေ၊ ကောင်မတွေနဲ့ သိကျွမ်းခင်မင် ရင်းနှီးပြီး တကျိတ်တည်း တဉာဏ်တည်း ဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးတွေ မဖြစ်ဖို့ဆိုရင် ဘာသာရေးပွဲလမ်းသဘင်တွေကို နိုင်ငံရေးအမြတ်ထုတ်တဲ့ လုပ်ရပ်မျိုး မလုပ်ကြဖို့ တားဆီးကြပါလို့ အကြံကောင်း ပေးချင်ပါတယ်။ ဒီလို လုပ်ဆောင်ခြင်းဟာ မိမိတို့ကို ဝန်းရံအားပေးနေတဲ့ ပြည်သူတွေကို မိမိတို့ကိုယ်တိုင်က သေကြောင်းကြံတဲ့ လုပ်ရပ်မျိုးဖြစ်တဲ့အတွက် နောက်နောင် ချောင်းဦးမြို့နယ်၊ ဘုံတိုရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုး မကြုံတွေ့ရလေအောင် ဘာသာရေးပွဲလမ်းသဘင်၊ အခါကြီးရက်ကြီးတွေမှာ နိုင်ငံရေးအမြတ်ထုတ်တဲ့ လုပ်ရပ်မျိုးတွေကို ရှောင် -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)