မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅) နှင့် အသင်းသားစုံညီအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည်အထွေထွေအစည်းအဝေး (၂၀၂၅) နှင့် အသင်းသားစုံညီအစည်းအဝေး ကျင်းပ


ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည် အထွေထွေအစည်းအဝေး (၂၀၂၅) နှင့် အသင်းသားစုံညီအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ကမ္ဘာ့အိမ်ခြံမြေအဖွဲ့မှ ဒါရိုက်တာများ၊ အာရှ-ပစိဖိတ်ကွန်ဗင်းရှင်းမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ဧည့်သည်တော်များ၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဂုဏ်ထူးဆောင် နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီးများမှအသင်းသား အသင်းသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက မောင်းကိုးချက်တီး၍ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နှစ်ပတ်လည် အထွေထွေအစည်းအဝေး (၂၀၂၅) ကို ဖွင့်လှစ်ပေးပြီး အိုးစည်အဖွဲ့နှင့် သူငယ်တော်အကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပြင်သစ်အခြေစိုက်ကမ္ဘာ့အိမ်ခြံမြေအဖွဲချုပ်မှ Mr.Antonio Campagnoli, World President (FIABCI) က Video Click ဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ဂုဏ်ထူးဆောင်နာယက ဦးသန်းဦး၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ Dr Supon President of FIABCI-Thailand နှင့် Mr. Clayton Wade, Managing Director Premire Home Premire Land CIPS-AIGS-FIABCI တို့က အမှာစကားပြောကြားကြပြီး တိုင်းရင်းသား တိုင်းရင်းသူများက We are Asean အက၊ ရှမ်းကိန္နရီအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) အထွေထွေအတွင်းရေးမှူးချုပ် ဦးမောင်အေးက အသင်း၏ လုပ်ဆောင်ချက်များ၊ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်မောင်ဦးက ဘဏ္ဍာရေးရှင်းတမ်းများကို ရှင်းလင်းပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်များမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)