ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲတာဝန်ခံ ဦးအောင်မြင့်လွင်နှင့်တာဝန်ရှိသူများ သဲကုန်းမြို့နယ်အတွင်း၌ မဲဆန္ဒရှင်စာရင်းများ ထုတ်​​ပြန်ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲတာဝန်ခံ ဦးအောင်မြင့်လွင်နှင့်တာဝန်ရှိသူများ သဲကုန်းမြို့နယ်အတွင်း၌ မဲဆန္ဒရှင်စာရင်းများ ထုတ်​​ပြန်ကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး




သဲကုန်း၊ အောက်တိုဘာ  ၉ 

ပဲခူးတိုင်းဒေသကြီး ရွေးကောက် ပွဲတာဝန်ခံ ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည်  ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

​ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲတာဝန်ခံ ဦးအောင်မြင့်လွင်နှင့်တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ ၊  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ မဲစာရင်းလာရောက်ကြည့်ရှုသူ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍  မဲဆန္ဒနယ်များမှ မဲပေးပိုင်ခွင့်ရှိသူ အသက် ၁၈ နှစ်ပြည့်ပြီးသော မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိမှုများ ဆုံးရှုံးမှုမရှိစေရေးအတွက် မဲစာရင်းများကို သေချာစစ်ဆေးကြရန်၊ မဲစာရင်းတွင် မိမိနာမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် မဲစာရင်းတွင်အမည်ထည့်သွင်းလျှောက်ထားတင်ပြနိုင်​ကြောင်း၊ မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားကြရန်၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးမှသိရှိရသည်။


ကိုကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)