ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် ရွှေတောင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ရောက်ရှိစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် ရွှေတောင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့ရောက်ရှိစစ်ဆေး





ရွှေတောင်၊ အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအား ယနေ့နံနက်ပိုင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်လွင် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒေသခံပြည်သူများ၏ မဲစာရင်းများတိကျမှန်ကန်စွာပါရှိရေး၊ လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များအား သက်ဆိုင်ရာ ကော်မတီများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)