ဟင်္သာတခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်




ဟင်္သာတ၊ အောက်တိုဘာ ၂၄

ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်အုပ်စု ၊သာဒီကွင်းအလယ်တန်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ‌ဒေါ်ခင်စန္ဒာဆွေက ကျောင်းသား ကျောင်းသူများအား"ဗလငါးတန်ဖွံ့ဖြိုးဖို့ စာပေလေ့လာဖတ်ရှုကြပါစို့" ခေါင်းစဥ်ဖြင့် အသိပညာပေး ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အေးအေးမာက "လူငယ်တွေစာဖတ်ဖို့ စာကြည့်တိုက်ကို သွားကြစို့" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပါသည်။ ထို့အပြင် အငယ်တန်းစာရေး ဒေါ်မွန်မြတ်သူက မူလတန်းကလေးငယ်များအား ဗဟုသုတရရှိစေမည့် ရုပ်ပြပုံပြင်စာအုပ်များဖြင့် မိတ်ဆက်ပေးခြင်း၊ ကလေးငယ်များအား သရုပ်ပြ ပုံပြင်ပြောပြခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ကျောင်းသားလူငယ်များအတွက် ကျောင်းစာကြည့်တိုက် လက်တွေ့အသုံးချခြင်း အစီအစဥ်အဖြစ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်း ဆွေးနွေးပွဲများအပြင် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမား၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှု အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသရာ ကျောင်းသား ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြသည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူ (၂၀၈) ဦး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)