ဟင်္သာတ၊ အောက်တိုဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ဟင်္သာတခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်း အဝေးခန်းမ၌ အောက်တိုဘာ ၁၄ ရက်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးက တိုင်းဒေသကြီးအတွင်း ဆန်ဖူလုံမှု ရှိစေရေးအတွက် လာမည့်နွေရာသီတွင် နွေစပါး ပန်းတိုင် အထွက်နှုန်းရရှိအောင် တောင်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက် ပေးစေ လိုကြောင်း၊ ဆန်အား ပြည်ပပို့ကုန်အဖြစ်ဆောင်ရွက်နေသည့်အတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍ ပန်းတိုင် အထွက်နှုန်း ရရှိရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပဈေးကွက် ဈေးကောင်းရရှိရေးအတွက် အထွက်နှုန်းကောင်းသည့် စပါးမျိုးများ စိုက်ပျိုးဆောင် ရွက်ကြစေလိုကြောင်း၊ ဆီဖူလုံမှု ရရှိရေးအတွက်လည်း ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံ ကြိတ်ခွဲစက် များ လုံလောက်စွာ တည်ထောင်နိုင်ရေး ဆောင် ရွက်ကြစေလိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ထို့နောက် ဟင်္သာတခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ဆီထွက်သီးနှံ ပဲပုတ် လျာထားစိုက်ဧကများအပေါ် စိုက်ပျိုးပြီးစီးမှုနှင့် ပုတ်ပဲဆီ ကြိတ်ခွဲစက်များအား လုပ်ငန်းရှင်းများ တည်ထောင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော လုပ်ငန်းရှင်များမှလည်း မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းပိုင်းဆိုင်ရာ ဆောင် ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြိးနှင့်တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် မှာကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment