ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံလော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ယာယီတိမ်းရှောင်ပြည်သူများအား တွေ့ဆုံပေးအပ်

 



မြစ်ကြီးနား   ၊ အောက်တိုဘာ ၂၇


ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့နယ်၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၁)အတွင်းရှိ အင်ဂျန်ဒုံ လော်ဝေါ်သာသနာဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီတိမ်းရှောင် အိမ်ထောင်စုများနှင့်တွေ့ဆုံ၍ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက မိမိတို့ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ယာယီတိမ်းရှောင်များအား အမိုးအကာတို့ဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးနှင့် နေ့စဉ်စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို တတ်အားသ၍ ကူညီထောက်ပံ့ပေးလျက် ရှိပါကြောင်း အားပေးစကားပြောကြားပြီး ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာမှ ယာယီတိုက်ပွဲ ရှောင် အိမ်ထောင်စု (၃၂) စုအတွက် အခြေခံစာသောက်ကုန်များ ဖြစ်သော ဆန် (၃၂)အိတ်၊ ဆီ (၃၂) ပိဿာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ယာယီတိမ်းရှောင်စခန်းမှ တာဝန်ခံ ဦးဟောင်းဂျုံးက စခန်းအတွက် လိုအပ်သည်များအား တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးဦးတိန့်ဆောင်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ယာယီတိမ်းရှောင်စခန်းမှ တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးအား ရိုးရာဓား၊ ရိုးရာလွယ်အိပ်နှင့်ပလိုင်းတို့အားဂါရဝပြုပေးအပ်မှုကို လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)