ကြံခင်းမြို့ရှိ ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ရှိ ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဆီမီး ၁၀၀၀ ထွန်းညှိပူဇော်






ကြံခင်း၊ အောက်တိုဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ယမန်နေ့ ည ၇ နာရီအချိန်တွင် ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ပုရဝဏ် အတွင်း ဆီမီး ၁၀၀၀ ကပ်လှူပူဇော်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်ဇနီး၊ အတွင်းရေးမှူး မြို့ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုးနှင့်ဇနီး၊ အဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများက ဂေါတမသဗ္ဗညုရွှေပြည်အေး(၁၁)ထပ်ဘုရားကြီး ပုရဝဏ်အတွင်း ဆီမီး ၁၀၀၀ နှင့် အမွှေးနံသာများ ထွန်းညှိကပ်လှူပူဇော်ခဲ့ကြသည်။ 

အလားတူ ကြံခင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်၊ ကျေးရွာ/အုပ်စုများတွင် ဂေါတမမြတ်စွာဘုရားရှင်အားရည်မှန်းကာ ဆီမီးများ ထွန်းညှိပူဇော်လျက်ရှိပြီး ဘုရား၊ စေတီပုထိုး များ၌ ပဝါရဏာ ကပ်လှူပွဲကျင်းပခြင်း၊ ပဋ္ဌာန်းဒေသနာတော်များရွတ်ဖတ်ပူဇော်ခြင်း၊ မြန်မာရိုးရာ မီးပုံပျံများလွှတ်တင်ပူဇော်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။


ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)