အောက်တိုဘာ - ၇ ( အင်္ဂါနေ့ )
ဂျာမနီသည် ဥရောပရဲ့ထိပ်တန်း မောင်းသူမဲ့လေယာဉ်(ဒရုန်း) အင်အားကြီးနိုင်ငံ ဖြစ်လာရန် တိုင်းပြည်မှာ ရှိတဲ့ အရင်းအမြစ်အားလုံးကို သုံးစွဲသင့်တယ်လို့ စီးပွားရေးဝန်ကြီး ကတ်သရင်း ရိုင်ချီ ကတိုက်တွန်းလိုက်ပါတယ်။ ဘာလင်အစိုးရသာလျှင် ဥရောပတိုက်ကြီးရဲ့လုံခြုံရေးကို “ဆုံးဖြတ်” နိုင်ရမယ်ဆိုပြီး ပြောလိုက်ပါတယ်။
ဂျာမနီရဲ့စီးပွားရေးမှာ "ဖွဲ့စည်းပုံဆိုင်ရာအကျပ်အတည်း" ဖြစ်နေတယ်လို့ အဓိပတိ ဖရိုင်းဒရစ်မားဇ် ကပြောခဲ့ပြီးနောက်မှာ သူမရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ယမန်နှစ်က ဂျာမနီရဲ့စီးပွားရေးက ဆုတ်ယုတ်ကျဆင်းလာခဲ့ပြီး ယခုနှစ်တွင်လည်း တိုးတက်မှု မပြနိုင်ဘူးလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ သိရပါတယ်။
"ဂျာမနီသည် ဒရုန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုအတွက် ဦးဆောင်နိုင်ငံ ဖြစ်လာရမှာပါ" လို့ ရိုင်ချီ က ဆိုပါတယ်။ နိုင်ငံရဲ့ "လေကြောင်းအချုပ်အခြာအာဏာ" ကို ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ "အရေးကြီးသော အခြေခံအဆောက်အအုံများ" ကို ကာကွယ်ရန်နှင့် ယူကရိန်းကို အကူအညီပေးရန် လိုအပ်ကြောင်း၊ ဥရောပနိုင်ငံ အများအပြားတွင် မကြာသေးမီက မောင်းသူမဲ့လေယာဉ်များကို တွေ့မြင်ခဲ့ရကြောင်း၊ "ပြီးခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များ" သည် ဂျာမနီရဲ့ ကိုယ်ပိုင်ဒရုန်းတပ်အတွက် လိုအပ်ကြောင်း နဲ့ "မမှားမယွင်း ရှင်းရှင်းလင်းလင်း သိသာစေပါ"ကြောင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
ထုတ်လုပ်မှုကို လျင်မြန်စွာ ချဲ့ထွင်ရန် နဲ့ စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန်အတွက် ဂျာမနီက “ရရှိနိုင်တဲ့ အရင်းအမြစ်အားလုံးကို စုစည်းရမယ်” လို့ သူမက ထပ်လောင်းပြောကြားခဲ့ပြီး “ဥရောပရဲ့ လုံခြုံရေးကို ဂျာမန်စက်ရုံများက ဆုံးဖြတ်ရလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment