ကျိုင်းတုံမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး)မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး)မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပ




ကျိုင်းတုံ  ၊ အောက်တိုဘာ ၂၆


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်၊ မိုးစပါး(အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယမန်နေ့က ယန်းလောကျေးရွာအုပ်စု၊ တောင်သူဦးစိုင်းယီတစ်၏ လယ်မြေတွင် ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဝင်းက မိုးစပါးစံကွက်ရိတ်သိမ်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း‌ပြောကြားပြီး ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများ၊ တက်ရောက် လာကြသည့် တောင်သူများက ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေးကြသည်။


အဆိုပါ မိုးစပါး (အောင်နိုင်တိုး) စံကွက်ရိတ်သိမ်းရာတွင် အစိုတင်း(၁၀၀ ဒဿမ ၈၄)တင်း ထွက်ရှိကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)