ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ် ပြည်သူများ၏ အနာဂတ်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ် ပြည်သူများ၏ အနာဂတ်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဌ ဦးမျိုးဇော်သိမ်း ပြောကြား










ပုသိမ်၊ အောက်တိုဘာ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၅ရက်နေ့ မနက်ပိုင်းတွင် ဧရာဝတီတိုင်းပါတီဝင်း၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်း‌ဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့နှင့်အတူ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နှင့် ကျုံပျော်ခရိုင်များမှ ပါတီဝင်မိသားစုများနှင့် တွေ့ဆုံစဉ် ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ် ပြည်သူများ၏ အနာဂတ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဥက္ကဋ္ဌမှ ရွေးကောက်ပွဲသည် နိုင်ငံတော်၏ အနာဂတ် ပြည်သူများ၏ အနာဂတ်ဖြစ်သည့်အတွက် ပါတီဝင်မိသားစုများ၊ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရန်လိုအပ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြီးမြောက်ရေး ဝိုင်းဝန်းကြိုးစားအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အလားတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အောက်မြန်မာပြည် ပေါင်းစပ်ညှိနှိုင်း‌‌ရေးမှူး ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ပါတီတာဝန်ရှိသူအဆင့်ဆင့်နှင့်  တွေ့ဆုံံဆွေးနွေးခဲ့ကြောင်း၊ ပါတီတာဝန်ရှိသူများအနေဖြင့် ဘာပဲလုပ်လုပ် ပြည်သူ့အကျိုး ရှေ့ရှု၍ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့အရေးအား ပရဟိတစိတ်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)