၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏အမှားကို သင်ခန်းစာယူ၍ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုနှင့် ကဏ္ဍစုံအမှားအယွင်းမရှိစေရေး ကြပ်ကြပ်မတ်မတ်ဖြင့် အထူးအလေးထားဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏အမှားကို သင်ခန်းစာယူ၍ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုနှင့် ကဏ္ဍစုံအမှားအယွင်းမရှိစေရေး ကြပ်ကြပ်မတ်မတ်ဖြင့် အထူးအလေးထားဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မှာကြား

 


နေပြည်တော်၊ အောက်တိုဘာ ၁၇ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များအား ယမန်နေ့က တွေ့ဆုံအမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မဲဆွယ်ကာလနှင့် ရွေးကောက်ပွဲကျင်းပမည့်အပိုင်းများအလိုက် တာဝန်ရှိသူများအနေဖြင့် လုံခြုံရေးအထူး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၀ ပြည့်နှစ်တွင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၏အမှားကို သင်ခန်းစာယူ၍ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှုနှင့် ကဏ္ဍစုံအမှားအယွင်းမရှိစေရေး ကြပ်ကြပ်မတ်မတ်ဖြင့် အထူးအလေးထားဆောင်ရွက်ရန်၊ ဝန်ကြီးဌာနအလိုက်/ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် မဲစာရင်းမှန်ကန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ က ရွေးကောက်ပွဲကျင်းပချိန်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေးအတွက် တိကျမှန်ကန်သည့်မဲစာရင်းများရရှိစေရေး သန်းခေါင်စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းများမှန်ကန်မှုရှိစေရေးသည် အရေးကြီးကြောင်း၊ မဲရုံတာဝန်ပေးအပ်မှုများနှင့်ပတ်သက်၍လည်း စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများအနေဖြင့် လုပ်ငန်းများအား မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်များရှိသူများဖြစ်ရန်လိုပြီးအမှန်တကယ်တိုင်းပြည် အကျိုးအတွက် ဆောင်ရွက်နိုင်သည့် သူများဖြစ်ရန်လိုကြောင်း မှာကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)