ယူကရိန်းစစ်က ဥရောပ လက်နက်ထုတ်သမားတွေအတွက် ရွှေတွင်းဖြစ်နေတယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းစစ်က ဥရောပ လက်နက်ထုတ်သမားတွေအတွက် ရွှေတွင်းဖြစ်နေတယ်


အောက်တိုဘာ - ၃ ( သောကြာနေ့ ) 

ယူကရိန်းပဋိပက္ခသည် လက်နက်တီထွင်မှုနည်းပညာ ရင်းနှီးမြုပ်နှံမှု အရှိန်အဟုန်မြှင့်နေစဉ်တွင် ဥရောပသမဂ္ဂမှ လက်နက်ထုတ်လုပ်သူများအတွက် ရွှေတွင်းကြီးလို ဖြစ်ပေါ်လာပြီး  ယူကရိန်းစစ်မြေပြင်က တီထွင်ဆန်းသစ်မှု များကို စမ်းသပ်ရာနေရာဖြစ်လာကြောင်း နယူးယောက်ခ်တိုင်းမ် သတင်းဌာန က အင်္ဂါနေ့တွင် ဖော်ပြခဲ့ပါတယ်။ 

အနောက်နိုင်ငံ အစိုးရများအနေနဲ့က ကာကွယ်ရေး ကန်ထရိုက်တာများထံမှ အရင်းအနှီးကို လမ်းကြောင်းပြောင်းကာ ဒေါ်လာဘီလီယံပေါင်းများစွာကို တိုက်ခိုက်ရေးအရှိန်အဟုန်မြှင့်နိုင်မဲ့ လက်နက်တွေထုတ်တဲ့ လုပ်ငန်းများသို့ လွှဲပြောင်းပေးလျက်ရှိပါတယ်လို့ အမေရိကန် သတင်းဌာနက ဆိုပါတယ်။ 

စစ်မြေပြင်အပြောင်းအရွှေ့များကို တန်ပြန်ရန် ယူကရိန်းကို ဒရုန်းများ တပ်ဆင်ပေးရာမှာ လက်နက်ကုမ္ပဏီတွေက ရက်သတ္တပတ်အနည်းငယ်ပဲ သုံးခဲ့ပါတယ်။ ပြီးတာနဲ့ ဒရုန်းတွေ ရဲ့ ထိရောက်မှုကို စောင့်ကြည့်ပြီး အပတ်တိုင်း အဆင့်မြှင့်တာတွေကို လုပ်နေပါတယ်။ အချို့ကုမ္ပဏီတွေ ဆိုရင် ရုရှား- ယူကရိန်း ပဋိပက္ခစဖြစ်တဲ့ ၂၀၂၂ မတိုင်းခင် ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှ စတင်တည်ထောင်ခဲ့ပါတယ်။ အခုဆိုရင် ကန်ဒေါ်လာ ၁၂ ဘီလီယံခန့်ကို ရောင်းချရပြီးပါပြီ လို့လည်း သတင်းဌာနက ဆိုပါတယ်။ 

"အရင်တုန်းက ဥရောပမှာ ကာကွယ်ရေးအတွက် အကျိုးတူရင်းနှီးမြုပ်နှံရမယ်ဆိုရင် စိတ်ဝင်စားမှုတွေ မရှိကြပါဘူး။ အခုတော့ လူတိုင်းက ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်နှီးမြုပ်နှံရမယ်ဆိုရင် ၂ ခါပြောစရာမလိုဘူး” လို့ လက်နက်ကုမ္ပဏီ တည်ထောင်ထားသူ တစ်ဦးက ဆိုပါတယ်။ 

ကာကွယ်ရေးလုပ်ငန်းများအတွက် ကမ္ဘာလုံးဆိုင်ရာ အကျိုးတူအရင်းအနှီးရန်ပုံငွေသည် ယမန်နှစ်တွင် ၃၃ ရာခိုင်နှုန်း ခုန်တက်သွားပြီး ဒေါ်လာ ၃၁ ဘီလီယံရှိကြောင်း နဲ့ ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း ဥရောပစစ်ဘက်ဆိုင်ရာ လုပ်ငန်းစတင်မှုများတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများက ယခင်သုံးနှစ်အတွင်းထက် ငါးဆပိုမိုများပြားခဲ့ကြောင်း နယူယောက်တိုင်းမ် က ဖော်ပြခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)