မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ (၂၉)ကြိမ်မြောက် ဩဝါဒခံယူပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ (၂၉)ကြိမ်မြောက် ဩဝါဒခံယူပွဲပြုလုပ်




မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၁ 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ (၂၉)ကြိမ်မြောက် ဩဝါဒခံယူပွဲကို ယမန်နေ့  နံနက်ပိုင်းက စေ တီတော်ကြီး ဂေါပကအဖွဲ့ ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာအခမ်းအနားကို ပင့်ဖိတ်ထား‌သော ဩဝါဒါ စရိယ ဆရာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့၊ မြို့နယ်သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌ၊ မြို့နယ် ဥပဌာကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သာသနာ‌‌ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး၊ မယ်လမု အဘိဓမ္မပြန်ပွားရေးအသင်း ဥက္ကဋ္ဌ၊ ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ နှင့် တာ၀န်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ၏ ဩဝါဒစရိယ ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ နိုင်ငံတော် ဩဝါဒါ စရိယဓမ္မရောင်ခြည် ပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ  ဦးလှကြည်က ဂေါပကအဖွဲ့၏ (၂၀၂၄-၂၀၂၅)ခုနှစ် တစ်နှစ်တာ ကာလ ဆောင်ရွက်ခဲ့သည့် ဘာသာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ  တင်ပြလျှောက်ထားပြီး ဆုတောင်းပြည့် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့  အတွင်းရေးမှူး ဦးသန်းအောင်က စေတီတော်၏ ဘဏ္ဍာရေး အခြေအနေများကို  တင်ပြလျှောက်ထားခဲ့ကြသည်။ ယင်းနောက်  ဩဝါဒါစရိယ ဆရာတော်ကြီးများအား  စေတီတော် ဂေါပကနှင့် အဖွဲ့၀င်များကန၀ကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်ချတရားနားကြား၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။


သက်လွင်စိုး  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)