ဟင်္သာတ၊ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ၊ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက ဟင်္သာတမြို့နယ်အတွင်း ရောက်ရှိနေထိုင်လျက်ရှိသော အသက်(၁၈)နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဌေးက ရွေးကောက်ပွဲဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)နှင့်ပတ်သက်၍ လည်းကောင်း ၊ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ စမ်းသပ်မဲပေးခြင်းအား သရုပ်ပြ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသော အသက် (၁၈)နှစ်နှင့် အထက် တိုက်ပွဲရှောင်ပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူ များ ၊ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေး၊ ဒုတိယဦးစီးမှူး ဦးအောင်မင်းဌေး နှင့်ဝန်ထမ်းများ ၊ဟင်္သာတမြို့နယ်အတွင်းရောက်ရှိနေထိုင်ကြသော တိုက်ပွဲရှောင်ပြည်သူ(၂၁၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment