မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန် ကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန် ကြေညာထားရှိရာ ပြည်သူများ လာရောက်ကြည့်ရှု




မြောက်ဥက္ကလာပ၊ အောက်တိုဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊  မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲ ဆန္ဒရှင်စာရင်းများအား ကပ်ထားကြေညာခြင်းကို ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကပ်ထားကြေညာ လျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိသည်။

အဆိုပါ မဲစာရင်းများကပ်ထားကြေညာမှုကို  မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လောဟာ နှင့် အဖွဲ့၀င်များ ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မဲရုံအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထို့နောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားရန် လိုကြောင်းသိရသည်။

မြောက်ဥက္ကလာပမြို့နယ်အတွင်း၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက် (၁၉) ရပ်ကွက်ရှိ မဲရုံ (၁၄၀)  ရုံရှိကြောင်းနှင့် မဲစာရင်းများကို ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃- ၁၀-၂၀၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ ထားရှိမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၁၇၈၀၉၂) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)