မင့်စ်၊ အောက်တိုဘာ ၁
မြန်မာ-ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲသို့ ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပရန် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ၁-၁၀-၂၀၂၅ ရက်၊ နံနက်ပိုင်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ သွားရောက်ပြီး ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ ကောင်စစ်ဝန်ချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြန်မာ-ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကောင်စစ်ဝန်ချုပ် အပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်များ တာဝန်ရှိသူများနှင့် ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ကိုယ်စားလှယ်အဖွဲ့အား ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူက နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment