အောက်တိုဘာ - ၂၉ ( ဗုဒ္ဓဟူးနေ့ )
ကာရေဘီယံပင်လယ်ထဲမှာ အမေရိကန်တွေက မူယစ်ဆေးဝါး တိုက်ဖျက်ရေး ခေါင်းစဉ်နဲ့ စစ်ဆင်ရေးတွေ လာလုပ်နေပြီး ဗင်နီးဇွဲလားသင်္ဘောတွေကို နှစ်မြုပ်ပစ်နေတာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလက်စ်မာဒူရိုက အမေရိကန်စစ်သင်္ဘောတွေကို ထောက်ပံ့မှုတွေ လုပ်ပေးနေတဲ့ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံကို ၂နိုင်ငံပူးတွဲလုပ်နေတဲ့ ကမ်းလွန်ရေနံတွင်းတွေက ထွက်လာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို မပေးတော့ဘူးလို့ ကြေညာလိုက်ပါတယ်။
မာဒူရိုက ၎င်းရဲ့ အပတ်စဉ် ရုပ်မြင်သံကြား အစီအစဉ်တွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံပိုင် စွမ်းအင်ဝန်ကြီးဌာန ဘုတ်အဖွဲ့ နဲ့ ဆွေးနွေးပြီး ဝန်ကြီးဌာနအားလုံးရဲ့ အကြံပြုချက်အတိုင်း သမ္မတက အမိန့်ထုတ်ခဲ့တာပါ။
“ဗင်နီဇွဲလားရဲ့ အချုပ်အခြာ အာဏာကို လာရောက်ထိပါးနေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောကို ဆိပ်ကမ်းကပ်ခွင့်ပြုထားတဲ့ ထရီနီဒက်နဲ့ တိုဘာဂိုနိုင်ငံကို ခြိမ်းခြောက်မှု လုပ်ဖို့ပဲ ကျန်တော့တယ်။ စွမ်းအင်သဘောတူညီချက်တွေကို ရပ်ဆိုင်းပစ်လိုက်မယ်။ အဲ့ဒိကိစ္စကို အပြီးသတ် ဆုံးဖြတ်ချက်ချဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပြန်လည်သုံးသပ်နေပါတယ်” လို့ ၎င်းကဆိုပါတယ်။
“နိုင်ငံတော်ကောင်စီ၊ တရားလွှတ်တော်ချုပ် နဲ့ အမျိုးသားလွှတ်တော်ကို ဒီကိစ္စနဲ့ပက်သတ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ အစီအမံတွေ မချမှတ်ခင် နိုင်ငံတော် အကြီးအကဲအနေနဲ့ သူတို့ရဲ့ အကြံပြုချက်တွေကို တင်ပြတာပါ” လို့ ၎င်းက ဆိုပါတယ်။
နှစ်နိုင်ငံ ပူးတွဲ သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်နိုင်စေမည့် သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် သက်တမ်းတိုးခဲ့ပါတယ်။ စက်မှုထုတ်လုပ်မှုနှင့် ပို့ကုန်ကို ဆက်ထိန်းထားရန် ဗင်နီဇွဲလားဓာတ်ငွေ့အပေါ် မှီခိုနေသည့် ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံအတွက်ကတော့ အပြင်းအထန် အကြပ်ရိုက်စေမဲ့ ကိစ္စဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost


No comments:
Post a Comment