အောက်တိုဘာ - ၂၉ ( ဗုဒ္ဓဟူးနေ့ )
ဂါဇာကမ်းမြောင်ဒေသမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပွဲစားလုပ်ပြီး သုံးပတ်နီးပါးကြာအောင် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမဲ့ အခုတော့ အစ္စရေးတွေက အသစ်ပြန်လည်တိုက်ခိုက်မှုများကို ပြန်လုပ်နေတာ ကို ထရမ့်က ထောက်ခံအားပေးပြီး ကာကွယ်ပြောဆိုမှုတွေ လုပ်နေပြန်ပါပြီ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပါလက်စတိုင်းနယ်မြေ ရဲ့ ဒေသတော်တော်များများကို သိမ်းပိုက်ထားဆဲဖြစ်ပြီး အစ္စရေးစစ်သားတွေကို ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုတွေလုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မနေ့က ညနေပိုင်းမှာ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေလုပ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် အုပ်ချုပ်မှု အစိုးရရဲ့ အဆိုအရ အနည်းဆုံး ပါလက်စတိုင်း အယောက် ၃၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ကျနော်နားလည်ထားတဲ့အတိုင်း ပြောရရင် အစ္စရေးစစ်သားတစ်ယောက်ကို ဟားမက်စ်တွေ သတ်လိုက်တယ်။ ဒါကြောင့် အစ္စရေးက ပြန်တိုက်သင့်တယ်။ ဟားမက်စ်တွေဘက် က အဲ့လိုတွေ လုပ်နေရင် အစ္စရေးက သူတို့ကို ပြန်တိုက်ခိုက်မှာပဲ”လို့ ဂျပန်ကနေ တောင်ကိုရီးယားသို့ ပျံသန်းသွားတဲ့ အမေရိကန်သမ္မတစီးတဲ့ Air Force One လေယာဉ်ပေါ်မှာ ဒီကနေ့ပဲ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
“သူတို့တွေ အဲ့လိုတွေလုပ်နေရင် အပစ်အခတ်ရပ်စဲရေးကို ထိခိုက်လာမှာပါပဲ။ ဂါဇာဆိုတာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အလွန်သေးငယ်တဲ့ (ပိစိကွေးလေး) အစိတ်အပိုင်း တစ်ခုပါ။ အဲ့ဒါကို ဟားမက်စ်တွေ သိရမှာပါ။ သူတို့တွေအနေနဲ့ သင့်တော်အောင် နေထိုင်ဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် သူတိုတွေရဲ့ အသက်အန္တရာယ်တွေ ထိခိုက်သွားနိုင်ပါတယ်” လို့လည်း ပြောပါတယ်။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်ကတော့ အပစ်အခတ် ရပ်စဲရေးဟာ “ဒီနေရာမှာ တိုက်ပွဲ နည်းနည်းပါးပါး ရှိနေပေမယ့်” ဆက်ရှိနေမှာပါလို့ အစောပိုင်းက ပြောခဲ့ပါတယ်။ အမည်မဖော်လိုသည့် အမေရိကန် အကြီးတန်းအရာရှိများကို ကိုးကားပြီးတော့ အပစ်အခတ်ရပ်စဲရေးကို ပြိုပျက်စေနိုင်တဲ့ “အစွန်းရောက်အစီအမံများ” မပြုရန် အစ္စရေးက တိုက်တွန်းထားတာတွေ ရှိတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်က အစ္စရေး စစ်သားနှစ်ဦးကို ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ တွင် ဟားမတ်စ်တို့က တိုက်ခိုက်သတ်ဖြတ်ခဲ့တဲ့အပြင် မနေ့ကလည်း အဲ့ဒိဒေသမှာ နောက်ထပ်စစ်သားများ ပစ်ခတ်ခံခဲ့ရပါတယ်။ အစ္စရေးဘက်ကတော့ “အပစ်အခတ်ရပ်စဲရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု” လို့စွပ်စွဲထားပြီး ဟားမက်စ်တွေဘက်ကတော့ ဖြစ်ရပ်နှစ်ခုစလုံးတွင် ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment