အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌ တာဝန်ယူထားသောမြန်မာသံအမတ်ကြီး ဩစတြီးယား ဖက်ဒရယ်ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီးဌာန၌ ကျင်းပသည့် အာဆီယံဆိုင်ရာစားပွဲဝိုင်း ဆွေးနွေးဖလှယ်ပွဲသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌ တာဝန်ယူထားသောမြန်မာသံအမတ်ကြီး ဩစတြီးယား ဖက်ဒရယ်ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီးဌာန၌ ကျင်းပသည့် အာဆီယံဆိုင်ရာစားပွဲဝိုင်း ဆွေးနွေးဖလှယ်ပွဲသို့တက်ရောက်





ဗီယင်နာ၊ အောက်တိုဘာ ၁

အာဆီယံ-ဗီယင်နာကော်မတီဥက္ကဋ္ဌအဖြစ် ၂၀၂၅ခုနှစ် ဇွန်လမှ ဒီဇင်ဘာလ အထိ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများနှင့် အတူ ၃၀-၉-၂၀၂၅ ရက်တွင် ဩစတြီးယား ဖက်ဒရယ်ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန၌ ကျင်းပသည့် အာဆီယံဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးဖလှယ်ပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် အာဆီယံသံရုံးအကြီးအကဲများသည် ဩစတြီးယားဖက်ဒရယ် ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး မစ္စစ် ဟာနာလစ်ကိုး၊ ဝန်ကြီးချုပ်ရုံးမှ ဥရောပသမဂ္ဂ၊ နိုင်ငံတကာနှင့် အထွေထွေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး မစ္စတာ ကလေးမန်း မဲယာ-ဟတ်တင်း၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံနှင့် ဩစတြီးယားနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှု၊ အာဆီယံနှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကိစ္စရပ်များ အပေါ် ရင်းနှီးစွာဖြင့်ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)