အောက်တိုဘာ - ၁ (တနင်္လာ)
အကျင့်ပျက်ခြစားမှု နဲ့ ပြည်သူ့ဘဏ္ဍာငွေများကို လွဲမှားစွာ စီမံခန့်ခွဲတယ်ဆိုတဲ့ စွပ်စွဲမှု နဲ့ ၂၀၂၁ ခုနှစ်တုန်းက အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဂီနီနိုင်ငံမှာ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ပထမဆုံး သမ္မတရွေးကောက်ပွဲကို လေးနှစ်အတွင်း ကျင်းပရန် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
စစ်တပ်ခေါင်းဆောင် မာမာဒီ ဒူရန်ဘူယာက ၎င်းရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံပိုင်ရုပ်သံလွှင့် RTG တွင် စနေနေ့ ညနေပိုင်းက ဖတ်ကြားခဲ့ပြီး အဲ့ဒိအတွက် တရားဝင်အမိန့်တစ်ရပ်ကိုလည်း ချမှတ်ခဲ့ပါတယ်။ "သမ္မတ ရွေးကောက်ပွဲ အတွက် မဲဆန္ဒပေးမည့်ရက်ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္ဂနွေနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ဖို့ သတ်မှတ်ပါတယ်” လို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေး အောက်ရှိ ချဒ်နိုင်ငံ နဲ့ ဂါဘွန်နိုင်ငံတွေမှာလည်း မကြာသေးမီနှစ်များအတွင်း အရပ်သားအုပ်ချုပ်မှုသို့ တရားဝင်ကူးပြောင်းရန် ရွေးကောက်ပွဲများ ကျင်းပခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး ဒူရန်ဘူယာ က ၂၀၂၁ စက်တင်ဘာလ ၅ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီး ၁၉၅၈ ခုနှစ် ပြင်သစ်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဂီနီနိုင်ငံ၏ တတိယမြောက် အာဏာသိမ်းမှုဖြစ်ခဲ့ပါတယ်။ သူက ဂီနီနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အရပ်သားခေါင်းဆောင်အဖြစ် ၂၀၁၀ ခုနှစ်ကတည်းက ဆယ်စုနှစ်တစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့သော သမ္မတ အယ်လ်ဖာကွန်ဒီ ကို ဖြုတ်ချခဲ့ပါတယ်။
ကွန်ဒီက ကျယ်ပြန့်သော မငြိမ်မသက်မှုကို ဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြောင်းအလဲများကို တွန်းအားပေးပြီးနောက် သူ့ရဲ့ အာဏာသက်တမ်းကို သက်တမ်းတိုးရန် လုပ်လာလို့ ၂၀၂၀ ခုနှစ်မှာ သူ့ရဲ့ တတိယသမ္မတ သက်တမ်းကို ရယူခဲ့ပါတယ်။
ဒူရန်ဘူယာ က ကွန်ဒီသည် လူများ၏ အခွင့်အရေးများကို နင်းချေပြီး တိုင်းပြည်၏စီးပွားရေးကို “ကမောက်ကမ” အခြေအနေသို့ ဦးတည်စေတယ် လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာပါ။ သူအာဏာသိမ်းပြီးပြီး ချင်း ဂီနီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ကြောင်း ကြေညာခဲ့ပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် အသွင်ကူးပြောင်းရေး အစိုးရက အစိုးရရဲ့ မူဘောင်အသစ်ကို ချမှတ်ရန် လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က တရားရုံးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို မဲပေးသူ ၈၉ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ရလဒ်များကို အတည်ပြုခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment