နေပြည်တော်၊ အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်မောက်တောင် ရေလှောင်တမံသည် ယမန်နေ့က ကန်ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ကန်ရေပြည့်အမှတ် ကျော်လွန်ပြီး ရေပိုလွှဲမှစတင်ရေကျော်စီးဆင်းခဲ့ရာ မွန်းလွဲ ၃ နာရီတွင် ရေပိုလွှဲမှ အမြင့်ဆုံး ၃ ဒသမ ၄၀ ပေအထိ ရေကျော်စီးဆင်းခဲ့သော်လည်း ညနေ ၆ နာရီတွင် အမြင့် ၃ ဒသမ ၃၀ ပေ ရေကျော်စီးဆင်းလျက်ရှိသည့်အတွက် ရေအမှတ်များ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ကြက်မောက်တောင်ရေလှောင်တမံနှင့် ရေပိုလွှဲ၏ကြံ့ခိုင်မှုသည် ကောင်းမွန်လျက်ရှိပြီး စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်းသိရှိရပြီး ရေပိုလွှဲမှ ရေကျော်စီးဆင်းခဲ့သည့်အတွက် တောင်ဇင်းချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအနေဖြင့် ချောင်းရေမြင့်တက်နေမှုအား ဂရုပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ထားသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment