ငရုတ်ကောင်းမြို့၌ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငရုတ်ကောင်းမြို့၌ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ


ငရုတ်ကောင်း၊ အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” ဗီနိုင်းပိုစတာကို  ငရုတ်ကောင်းမြို့ပေါ် လမ်းဆုံ၌ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီက စိုက်ထူခဲ့သည်။

အဆိုပါ ဗီနိုင်းပိုစတာစိုက်ထူရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ထူးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြစို့” ဗီနိုင်းပိုစတာအား လူအသွားအလာများသည့် မြို့ဝင်လမ်းဆုံ၌စိုက်ထူခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)